Articles Comments

MMGamers.com » Wii

Plants and Zombies 2

Plants and Zombies 2

Plants and Zombies 2 RP2 လွန်ခဲ့တဲ့ 2  နှစ်နှစ်ကျော်လောက်က နေပြီးတော့ ပရိသတ်တွေနဲ့ ရင်းနှီးမှုရယူခဲ့တဲ့ ဂိမ်းလေးကိုတော့ မှတ်မိနေ ကြဦးမှာပါ။ ဘာကြောင့်လည်းဆိုတော့ ကစားရတာကောင်းပြီးတော့ လက်ခံမှုအပြည့်ရခဲ့တဲ့ ဒီဂိမ်းလေးဟာမရိုး နိုင်အောင်လို့ရှိနေခဲ့ပြီးတော့ အခုအထိလည်း ဆက်လက်ကစားနေကြ ဆဲပါပဲ။ နောက်ထပ်အသစ်မထွက်တော့ ဖူးလားလို့မေးနေတဲ့ လူတွေလည်းများလာတာကြောင့် POPCON ကနေပြီးမကြာခင်မှာပဲ သူတို့တွေရဲ့ Plants and Zombies 2 ကို ထုတ်တော့မယ်လို့ပြောထားလိုက်ပါတယ်။ အတိအကျပြောတာမျိုးမဟုတ်ပေမယ့်လည်း ဂိမ်းအသစ်တွေထဲမှာပါလာနိုင်ဖွယ်ရှိတဲ့ ဇာတ်ကောင် အသစ်တွေကိုပါထည့်ပြီးကစားနိုင်အောင်လုပ်ပေးမယ်ဆို တာဟာ အင်တာနက်စာမျက်နှာတွေမှာ လည်းတွေ့နေရတာကို PopCap မငြင်းတာတွေကြောင့်လည်း အသေချာကြီးကို ဒီဂိမ်း ကထွက်လာမှာဖြစ်တယ်ဆိုတာပြောနိုင်နေပါပြီ။ Charater အသစ်တွေအနေနဲ့ကတော့ 5 မျိုးလောက်ကို ပုံစံအသစ်တွေရေးဆွဲထားပြီးပြီလို့လည်းသိရပါတယ်။ ကစားရမယ့်ပုံစံကိုတော့ ပြုပြင်ပေးထား တာမျိုးမရှိပေမယ့် နောက်ခံရှုခင်းတွေနဲ့ ဇွန်ဘီတွေကိုတော့ အနည်း ငယ် အဆင့်မြှင့်မယ်လို့လည်းသိရပါသေးတယ်။ အိမ်ကိုစောင့်လျှောက်မယ့် ပန်းပင်တွေ၊ အသစ်ပင်တွေအပြင် သစ်သီးတွေလည်း ပုံစံပြောင်းဖို့နည်းနည်းလေးရှိသလိုအသစ်တွေအနေနဲ့ပါလာမှာတွေလည်း ရှိကြပါတယ်။ အဲ့ဒါတွေကတော့ Long Tribulus လို့ခေါ်တဲ့ အသားစားအပင်ရိုင်း ကို ပုံစံအသစ်ပြောင်းထားလိုက်တယ်။ ပြီးတော့လည်း Garlic လို့ခေါ်တဲ့ ကြက်သွန်ဖြူ နေရာမှာ နောက်ထပ်တစ်မျိုးဖြစ်တဲ့ Garlic … Read entire article »

Filed under: DS, Features, Mobile, News, PC, Preview, PS 3, Wii, Xbox 360

Mario & Sonic at the London 2012 Olympic Games

Mario & Sonic at the London 2012 Olympic Games

Mario & Sonic at the London 2012 Olympic Games RP2 မကြာခင်မှာ လန်ဒန်အိုလံပစ်ဂိမ်းပြိုင်ပွဲကျင်းပတော့မှာပါ။ဒါနဲ့ပတ်သက်ပြီးတော့ကမ္ဘာတစ်လွှားမှာလည်းပြင်ဆင်ကြိုဆိုမှုတွေကိုပြုလုပ်နေပါတယ်။ဒီအထဲမှာလည်းလူထုစိတ်ဝင်စားစေမယ့် (အထူးသဖြင့်လူငယ်တွေစိတ်ဝင်စားစေမယ့်)အနီးစပ်ဆုံးဂိမ်းတွေကိုရေးဆွဲပြီးတော့ပြင်ဆင်လာတာတွေကိုတော့သဘောကျမိတာအမှန်ပါပဲ။နင်တန်းဒိုးရဲ့ဈေးကွက်ထိုးဖောက်မှု က တော်တော်လေးကိုထိရောက်ပါတယ်။ အခုလည်းပဲလန်ဒန် အိုလံပစ်ဂိမ်းပြိုင် ပွဲ အတွက်ကို ရည်ရွယ်ပြီးတော့ Mario & Sonic at the London 2012 Olympic Games ရယ်လို့Sega Sports Japan နဲ့ Nintendo တို့ကနေပြီးတော့ပရိသတ်တွေလက်ထဲ ကိုပို့လိုက်ပြန်ပါပြီ။ Gern ကတော့ Sport အမျိုးအစားပါ။အားကစားနည်းတွေကိုဂိမ်းလောကမှာနာမည်ရနေတဲ့ဇာတ်ကောင်တွေနဲ့တွဲပြီးတော့ London 2012 Olympic မှာပါဝင်မယ့်ဂိမ်း တွေကိုယှဉ်ပြိုင်ကစားကြရမှာဖြစ်ပါတယ်။ တရားဝင်အိုလံပစ်ကော်မတီဆီကနေပြီးတော့ မူပြိုင်ခွင့်ယူပြီးတော့ကိုစနစ် တကျနဲ့လုပ်ထားတာကြောင့်လည်းပဲအခုလိုဆက် လက်ပြီး တော့ဒီဂိမ်းကိုဆက်လက်ထုတ်ဝေလာနိုင်တာပါ။ ဒီဂိမ်းလေးထဲမှာဘေဂျင်းအိုလံပစ်ဂိမ်းမှာပါဝင်ခဲ့တဲ့ကစားနည်းတွေကိုပြန်ပြီးတော့ဆန်းသစ်ထားသလို London 2012 Olympicဂိမ်းမှာပါဝင်မယ့်လူကြိုက်များတဲ့ဂိမ်းတွေလည်းပါလာ မှာပါ။ ဇာတ်ကောင်တွေကတော့မာရီယိုအသိုင်းအ၀ိုင်းရယ်ဆိုးနစ်အသိုင်းအ၀ိုင်းရယ်ပေါင်းပြီးတော့ပါလာမှာဖြစ်ပါတယ်။ အပြင်မှာရှိတဲ့တစ်ကယ့်ကွင်းတွေမှာကစားသလိုလုပ်ပေးထားပြီးပြိုင်ပွဲဝင်စေ လည်းဖြစ်တယ်။ဘောလုံး၊ကြက်တောင်၊စားပွဲတင်တင်းနစ်၊ရေကူး၊မြင်းအလှစီး၊ဂျွမ်းဘား၊အပြေးပြိုင်၊လှံတံပစ် စတဲ့ ကစားနည်းတွေအပြင်နောက် ထပ်ကစား နည်းပေါင်းစုံကို ပါထည့်ပေးထားစေပြီး ကစားရပါလိမ့်မယ်။နောက်ပြီးတော့ အသစ် ထည့်ပေးထားတာကတော့ Dream Events ပါပဲ။ Speed ,Power,Skill အပြင် တစ်ကယ့်အားကစား သမားတွေလိုမျိုးကိုပြိုင်ဆိုင်ရ မှာဖြစ်လို့ပျော်စရာလည်းကောင်းပါလိမ့်မယ်။ ဒီဂိမ်းကထွက်နေပါပြီ။ဂျပန်ကိုနောက်ဆုံးထားပြီးတော့ဖြန့်ပါတယ်။ဒီဂိမ်းကိုတော့ Platform အစုံမှာကစားလို့ရအောင်တော့မလုပ်ထားပါဘူး။ Nintendo က သူတိုဖောက်သည် … Read entire article »

Filed under: DS, Features, News, Preview, Wii

Call of Duty: Modern Warfare 3

Call of Duty: Modern Warfare 3

Call of Duty: Modern Warfare 3 RP2 System Requirements Requirements Microsoft Windows Operating system Windows XP, Windows Vista, or Windows 7 CPU Intel Core 2 Duo E6600 or AMD Phenom X3 8750 processor or better Memory 2 GB Ram Graphics hardware Shader 3.0 or better 256 MB NVIDIA GeForce 8600GT/ATI Radeon X1950 or better Sound hardware DirectX 9.0C or later   ဒီဂိမ်းကို နေရာဒေသအသီးသီးမှာတော့ အမည်နာမအမျိုးမျိုးတပ်ပြီးတော့ခေါ်ဝေါ်ကြပါတယ်။ Call of Duty: MW3, CoD: MW3 လို့ခေါ်ကြသလိုတချို့နေရာတွေမှာတော့MW3 လို့အတိုကောက်ခေါ်ကြတယ်။ ဒါပေမယ့်ဒီဂိမ်းကိုဘယ်လိုပဲခေါ်ခေါ်အကြိုက်တူကြတာ ကိုတော့ငြင်းလို့မရပါဘူး။ ဘာကြောင့်လည်းဆိုတော့ဒီဂိမ်းက ကစားရတာတော်တော်လေးကောင်းသလို အရင့်အရင်တွေ လိုပဲ ဇာတ် လမ်းရောကစားရတဲ့အပိုင်းမှာပါလုံးဝကြီးကိုလန်းနေလို့ပါပဲ။ အမေရိကနဲ့ဥရောပမှာတော့ဒီဂိမ်းထွက်လာတာကိုစောင့်ပြီးတော့ အလုအယက်ဝယ်ယူနေကြရသလို အစောဆုံးကစားကြရတဲ့ feeling နဲ့ Activision နဲ့ Squeare Enix တို့ကနေပြီး အရောင်းမြှင့်တင် တဲ့အနေနဲ့ … Read entire article »

Filed under: Features, News, PC, Preview, PS 3, Wii, Xbox 360

Driver: San Francisco

Driver: San Francisco

Developer – Ubisoft Reflections Publisher – Ubisoft Platform(s) – PC, PS3, Xbox360, Wii Genre(s) – Open World, Racing, Action Release Date – September 29, 2011 Racing ဂိမ်းဝါသနာပါသူ Gamer အတော်များများဟာ အဝါရောင်နှင့် အမည်းစဉ်းပါဝင်တဲ့ Dodge Challenger ကားကို မြင်လိုက်တာတဲ့ ဒီဂိမ်းဟာ Driver ဂိမ်းဆိုတာကို သေချာပေါက်ပြောနိုင်မှာပါ။ Driver ဂိမ်းတွေဟာ Play Station 1 ခေတ်ကတည်းက လူကြိုက်များခဲ့ပြီး အခြား Racing ဂိမ်း အများစုနှင့် မတူညီတဲ့ စိတ်ဝင်စားစရာ Storyline တွေ Gameplay တွေကြောင့် Action ဂိမ်း ပရိသတ်များကပါ အကြိုက်တွေ့ခဲ့ပါတယ်။ Driver San Francisco ရဲ့ Story Mode ကတော့ Driver 3 ဂိမ်း ရဲ့ အဖြစ်အပျက်များ နောက်ပိုင်း ၆ လ အကြာ လူဆိုးခေါင်းဆောင် Charles Jericho ကို ဖမ်းချုပ်ပြီးချိန်မှာနေရာယူထားပါတယ်။ Driver … Read entire article »

Filed under: PC, PS 3, Wii, Xbox 360

Batman: Arkham City

Batman: Arkham City

Batman: Arkham City RP2     လင်းနို့လူသား ဂိမ်း စီးရီးထဲကနေပြီး Batman: Arkham City ဆိုတဲ့  နောက်ဆုံးပေါ် ခေတ်မှီဂိမ်း ကို Waner Bros. Intercative Entertainment နဲ့ Square Enix(Japan) ကပေါင်းပြီးတော့ ထုတ်လိုက်တော့ User တွေအားလုံးက သဘောတွေ့ကြတယ် လို့သိရတယ်။ Batman: Arkham City ဂိမ်းဟာ မထွက်ခင်မှာ တည်းကကို လူပြောများဖြစ်တဲ့ ဂိမ်းတစ်ခုပါပဲ။  ဘာကြောင့်လည်းဆိုတော့ 2009 မှာတည်းက ထွက်ခဲ့တဲ့ လင်းနို့လူသား ဂိမ်းရဲ့ အဆက် လိုဖြစ်နေတာကြောင့်ပါပဲ။ နောက်တစ်ချက် က အခုထွက်လာတဲ့ Batman: Arkham City ဟာ အရင်ဂိမ်းတွေထက်ပိုပြီးတော့ ကောင်းသလို သုံးရတဲ့ လက်နက်ဆန်းတွေ ကလည်း တော်တော်လေးလန်း နေလွန်းလို့ပါပဲ။ အဲ့ဒါအပြင် ဂိမ်းမှာသုံးထားတဲ့ ဂိမ်း ဂရပ်ဖစ် က လည်း တော်တော်လေးကိုမိုက်တယ်။ သုံးထားတာက Unreal Engine 3 ကိုပါ။ 2009 မှာထွက်ခဲ့တဲ့ Batman: Arkham Asylum မှာသုံးသွားခဲ့တဲ့ အတိုင်းကကို ပြန်သုံးထားတာပါပဲ။ဒါပေမယ့် … Read entire article »

Filed under: Features, News, PC, PS 3, Review, Wii, Xbox 360

X-Men: Destiny

X-Men: Destiny

X-Men: Destiny တစ်နေ့က မှထွက်လာတဲ့ ဂိမ်းလေးပါ။ ကစားလို့မဆိုးဘူး။ X-Men:Destiny ဟာ X-Men ရုပ်ရှင်ကိုကြည့်ပြီး ခံစားချက်ပြင်းပြင်းနဲ့ ကစားချင်သူတွေအတွက် သင့်တော်တဲ့ ဂိမ်းလေးပါပဲ။ နောက်ပြီးတော့လည်း game platforma ကို PC လွဲပြီး PlayStation 3, Wii, Xbox 360,  Nintendo DS တို့မှာ ကစားလို့ရအောင် လုပ်ပေးထားပါတယ်။ဒါကြောင့် PC သမားတွေအနေနဲ့ စိတ်ခုနိုင် စရာရှိပေမယ့် ကျန်တဲ့သူတွေအတွက် ကတော့ကျေနပ် စရာဖြစ်နေတယ်။ ဒီဂိမ်းရဲ့ဇာတ်လမ်းကိုတော့ X-Men: Legacy စီးရီးတွဲကာတွန်းမှာဇာတ်လမ်းတွေ ရေးတဲ့ Mike Carey ရေးပေးထားတာပါ။ ဒါကြောင့် ဇာတ်လမ်းသွားဟာ တစ်ခါတစ်ရံမှာ ကာတွန်းဆန်နေတယ်။ ဒါပေမယ့် ကစားရတာတော့ကောင်းတယ်။ ကိုယ်ပိုင်ဟန်ရှိတယ်။ နောက်ပြီးတော့ ဒီဂိမ်းလေးဟာ တိုက်ခိုက်မှု အသားပေး ဇာတ်လမ်းလေးလည်းဖြစ်တယ်။ ဇာတ်ကောင် အသစ် ဇာတ်ကောင် အဟောင်းလေးတွေနဲ့ပေါင်းပြီးတော့ လူသားတွေနဲ့ မျိုးစပ် လူသားတွေကြားက ပြသနာကို ရှင်းရင်း ကြားမှာ ဂြိုလ်သား ရန်သူတွေနဲ့ တစ်လှည့်စီတိုက်ခိုက်ရတာပါ။ RPG Game အမျိုးအစားဖြစ်သလို အနာဂတ် ဆန်တဲ့ ဇာတ်လမ်းဆိုပေမယ့် ကစားရမယ့် … Read entire article »

Filed under: DS, Preview, PS 3, Wii, Xbox 360

PES 2012 and FIFA 12

PES 2012 and FIFA 12

ကဲ…စက်တင်ဘာ မှာ ဘာတွေ ရွေး ကစားကြမလဲ။ ကစားစရာတွေကလည်းများလွန်းတော့ ထွက်လာသမျှ ဂိမ်းတွေ ထဲက ကောင်းတာလေးတွေ လက်လှမ်းမှီသလောက်ပဲ ကစားနိုင်တယ်။ကစားလို့ဇာတ်လမ်းက မပြီးသေးဘူး၊ နောက်ထပ်ဇာတ်လမ်း တခုက ထပ်ပြီးထွက်လာတော့ စိတ်ကနောက်တစ်ခုဆီရောက်ပြန်ရော။ မတတ် နိုင်ဘူး ၊ဒီလိုပဲသွားရမှာပဲလေ။ ကိုယ် က ပတ်သတ်နေပြီးပြီကိုး..မဟုတ်ဘူးလားဗျာ။ ထားပါတော့.. စက်တင်ဘာလ ကုန်မှာကျရင် ကျွန်တော်တို့အကြိုက်ဆုံးဂိမ်းတွေ အများကြီးထွက်ချလာတော့မှာပါ။ ဒီတော့ထွက်လာမယ့် အထဲကကောင်းမယ့် ဂိမ်း CD တွေ ၀ယ်ကစားဖို့သာပြင်ထားကြပေတော့လို့ပဲပြောပါရစေ။ ထွက်လာမယ့်ဂိမ်းကောင်းလေးတွေ ထဲက အားလုံး သဘောတွေ့နိုင်တဲ့ဂိမ်း  နှစ်ခုနဲ့မိတ်ဆက်ပေးပါရစေဗျာ။ တစ်ခြားတော့မဟုတ်ဘူး။ အဲ့တာတွေက ဒီနေ့ Sports Gamer World မှာ လူကြိုက်များနေတဲ့ Soccer Game လေး ၂ ခုပါပဲ။Football Manager တော့မဟုတ်ဘူး။ Control Soccer Gamer တွေပါဗျာ။တစ်ကမ္ဘာလုံးမှာ နာမည်ကြီးလူကြိုက်များနေတဲ့ Pro Evolution Soccer 2012 and FIFA 12 တွေပါပဲ။ဒီလိုပြောရတာကလည်း အကြောင်းရှိတယ်။အဲ့တာက Electronic Art နဲ့Konami တို့လို ဂိမ်း တွေ အပြိုင်ထုတ်နေတဲ့ Co.ltd ကြီး … Read entire article »

Filed under: DS, Features, News, PC, Preview, PS 3, PSP, Wii, Xbox 360

Call of Juarez: the Cartel

Call of Juarez: the Cartel

နောက်ပိုင်း အသစ်ထွက်ရှိတဲ့ Call of Duty: Modern Warfare series နှင့် Battlefield တို့လိုခေတ်ပေါ် modern shooter video games တွေနှင့် Gears of War တို့ Halo တို့လို futuristic science fiction shooter video games တွေ ခေတ်စားနေတဲ့ ကြားမှာ developer Rockstar ရဲ့ western cowboy ဂိမ်းဖြစ်တဲ့ Red Dead Revolver နှင့် Red Dead Redemption တို့အပြင် အရင်ထွက်ရှိပြီးဖြစ်တဲ့ Gun နှင့် Call of Juarez series တို့ဟာ အောင်မြင်တဲ့ cowboy western video games တွေဖြစ်ပါတယ်။ … Read entire article »

Filed under: PC, PS 3, Wii, Xbox 360

Captain America: Super Solider

Captain America: Super Solider

Captain America ဇာတ်လမ်းဟာမနေ့ တနေ့ကမှပေါ်လာတဲ့ ဇာတ်လမ်းတွဲတွေဟုတ်ပါဘူး ။ ၁၉၄၀ ဒုတိယကမ္ဘာစစ် အတွင်းကာလမှာ အစတည်ခဲ့တာပါ ။ ကျွှန်တော်တို.သိတဲ့ Spiderman လိုမျိုး ကျော်ကြားတဲ့ ရုပ်ပြတွေကို ထုတ်ခဲ့တဲ့ Marvel ကဖန်တီးခဲ့တာပါ ။ ကမ္ဘာစစ်ကြီးဖြစ်တဲ့ ကာလတွေဟာ Captain American ဟာရောင်းအားအကောင်းဆုံး ရုပ်ပြဇာတ်လမ်းတွေဖြစ်ခဲ့ပါတယ် ။ Captain America ဟာ နာဇီတွေနဲ့ တိုက်ခိုက်ရတာကို ဦးစားပေးထားပါတယ် ။ အခုတော့ ဂိမ်းလဲထွက်ရှိလာပါပြီ ။ Captain America အကြောင်းမသိသေးတဲ့သူတွေကို နည်းနည်းရှင်းပြလိုပါတယ် ။ အဲဒါမှ ဂိမ်းကစားတဲ့အခါ အသက်ဝင်လာမှာပါ ။ Captain America ဖြစ်လာမယ့် Steve Rogers ဟာ အမေရိကန်ကို ရွှေ့ပြောင်းလာတဲ့ Irish (အိုင်ယာလန်) မိသားစုက ပေါက်ဖွားလာသူပါ ။ ဖခင်ဖြစ်သူဟာ သူငယ်စဉ်ကတည်းက ဆုံးပါးသွားပြီး ၊ မိခင်ဖြစ်သူကတော့ ဆယ်ကျော်သက်အရွယ်ရောက်တဲ့အချိန်မှာ ဆုံးပါသွားပါတယ် ။ ဒုတိယကမ္ဘာစစ် မဖြစ်ခင်ကာလ နာဇီဂျာမနီတို.ခေါင်းထောင်နေတဲ့အချိန်မှာ ကမ္ဘာကြီးတစ်ခုလုံး ကျီးလန့်စာစားနေနေရပါတယ် ။ Steve Roger ဟာ … Read entire article »

Filed under: PS 3, Wii, Xbox 360

UFC : Personal Trainer

UFC ဆိုတာ (Ultimate Fighting Championship )ရဲ့အတိုကောက်ပါ ။ အမေရိကန်နိုင်ငံမှာ အခြေပြုပြီး ကမ္ဘာ့အတော်ဆုံးဖိုက်တာတွေ ယဉ်ပြိုင်တိုက်ခိုက်ကြတဲ့ ပြိုင်ပွဲလဲဖြစ်ပါတယ် ။ Martial arts အနေနဲ့ ကြည်.မယ်ဆိုရင်တော့ ကမ္ဘာအကြီးဆုံး event ဖြစ်တယ်လို. ညွန်:ဆိုထားပါတယ် ။        WWE နဲ့ ကွာခြားတာတော့ အလှနပန်:သတ်တာမျိုးမဟုတ်ပဲ သိုင်းပညာကို ဦးစားပေးထားတာပါ ။ Wikipedia မှာတော့ လက်ဝှေ့ ၊ နပန်: ၊ ထိုင်:လက်ဝှေ့ ၊ ကရာတေ: အစရှိသဖြင့်ပါဝင်တယ်လို. သိရပါတယ် ။ UFC trainer ဂိမ်းဟာ ဖိုက်တင် ပလေးတာထက် ဖိုက်တာတစ်ယောက်ဖြစ်ဖို. သင်ထောက်ကူဂိမ်းလို.ပြောရမှာပါ ။ ကျွှန်တော်တို. ဂိမ်မာတွေ ၊ ကွန်ပျူတာသမားတွေရဲ့ ပြဿနာကတော့ အချိန်တော်တော်များများကို monitor ရှေ့မှာ အချိန်ကုန်ရတာပဲဖြစ်ပါတယ် ။ အညောင်းအညာမိမှာဆိုးတဲ့ အတွက် မိဘရဲ့ ပြောဆိုခြင်းကိုလဲ ခံရကောင်း ခံရနိုင်ပါတယ် ။ motion control ဂိမ်းတွေ ပေါ်လာပြီး နောက်ပိုင်းမှာတော့ ဂိမ်မာ ဆိုတာ ရှူနာရှိုက်ကုန်းဆိုတဲ့ ခေတ် ကျန်ခဲ့ပါပြီ ။ နောက်ဆိုရင် ဂိမ်းကစားရင်းနဲ့ အားကစား အကျော်အမော်တွေ ၊ ဂီတပညာရှင်တွေ  ပေါ်ပေါက်ကောင်းတောင် ပေါ်ပေါက်လာနိုင်ပါတယ် ။ ဒီဂိမ်းကို ကစားရင်တော့ အညောင်းမိမှာ မစိုးရိပ်ကြတော့မယ့်အပြင် မျက်စိပါနောက်ကောင်း နောက်နိုင်ပါတယ် ။ ဂိမ်းကို စတင်ပြီး စမ်းကြည်.တော့ အရင်ဆုံး ကိုယ့်ရဲ့ performance ကို တိုင်းတာပါတယ် ။ အရပ် ၊အသက် ၊ ကိုယ်အလေးချိန် ၊ ယောက်ကျား/မိန်းမ ခွဲပြီးနောက်မှာ  level ကို သက်မှတ်တဲ့ လေ့ကျင့်ခန်:တွေကို ကစားရမှာပါ ။ လေ့ကျင့်ခန်:တွေမှာ ဒိုက်ထိုး ၊ အိပ်ထမတင် ၊ တောင်တက် အစရှိသဖြင့် တော်တော်များများပါဝင်ပါတယ် ။ အချိန်ကာလ အတိုင်းအတာတွေ ပေးပြီး အဲဒီကာလအတွင်းမှာ ဒိုက်ဘယ်နစ်ခါ ၊ အိပ်ထမတင် … Read entire article »

Filed under: PS 3, Wii, Xbox 360

Transformers: Dark of the Moon

Transformers ဇာတ်လမ်းကို အဓိကစိတ်ဝင်စားတဲ့ လူအသက်အရွယ်အပိုင်းခြား ယေဘူးယျအားဖြင့် နစ်မျိုးရှိပါတယ် ။ ပထမတစ်မျိုးကတော့ စက်ရုပ်တွေ ကြိုက်တက်တဲ့ ၅နစ်ကလေး ၁၅နစ် အပိုင်းအခြားဖြစ်ပြီး ၊ နောက်တစ်မျိုးကတော့ ကားတွေကို ကြိုက်နစ်သက်တက်တဲ့ ၁၅နစ်ကနေ ၊ ၄၀ကျော်အထိ အသက်အရွယ်ဖြစ်ပါတယ် ။ ဘာပဲပြောပြော ပရိသတ်ပမာဏမနည်းဘူး ဆိုရမှာပါ ။ Transformer ရုပ်ရှင်တွေရဲ့ မင်းသမီးဟောင်း Megan Fox ဟာဆိုရင်လဲ ကမ္ဘာပေါ်မှာ ညို.အားအကောင်းဆုံး မင်းသမီးအဖြစ်တောင် အရွေးချယ်ခံရတဲ့ အထိ အောင်မြင်ခဲ့တာပါ ။ Transfomers ဂိမ်းဇာတ်လမ်းတွေကော ၊ ရုပ်ရှင်ကားတွေကော Hasbro က ဖန်တီးခဲ့တဲ့ ရုပ်ပြဇာတ်လမ်းတွေရဲ့ အဆက်တွေလဲဖြစ်ပါတယ် ။ အားလုံးသိပြီးတဲ့ အတိုင်းပဲ Transformers ဇာတ်လမ်းမှာ စက်ရုပ်အဖွဲ့နစ်ဖွဲ့ရှိပါတယ် ။ အဲဒါကတော့ Autobots နဲ့ Decepticons ပါ ။ တူညီတဲ့ အချက်ကတော့ robot mode နဲ့ vehicle mode နစ်မျိုးပါဝင်ပါတယ် ။ Transformers : Dark of the Moon ဂိမ်းကို ကစားရင် အရင်ဆုံးသတိထားမိမှာတော့ ထိန်းချုပ်မူစနစ်ပါ ။ အရင်ဂိမ်းတွေ ထပ်အများကြီး ပိုပြီးကောင်းမွန်လာတာကို တွေ့ရပါတယ် ။ ထူးခြားလာတာကတော့ semi-mode လိုပြောရမလားပဲ ယာဉ် နဲ့ စက်ရုပ်ကြား ပုံစံ ပြောင်းလို.ရပါတယ် ။ ယာဉ်လောက်မမြန်ပေမယ့် ထိန်းရတာတော်တော်လေးကို အဆင်ပြေပါတယ် ။ Autobot အနေနဲ့ရော Decepticon အနေရဲ့ပါ ဆော့ရမှာဖြစ်ပြီး စက်ရုပ်တွေကလဲ အရင်ထပ်ပိုပြီး စုံလင်လာပြီး ကစားရတာ ပိုအသက်ဝင်လာပါတယ် ။ စက်ရုပ်တိုင်းမှာ special ability နစ်မျိုးစီရှိပါတယ် ။ vehicle mode မှာ ပစ်နိုင်တဲ့ လက်နက်နဲ့ ပေါင်းရင် သုံးခုလို.ပြောနိုင်ပါတယ် ။ မတူညီတဲ့ mission တွေကို မတူညီတဲ့ စက်ရုပ်တွေနဲ့ ဆော့ရတော့ တော်တော်လေးကို ကောင်းသွားပါတယ် ။ … Read entire article »

Filed under: DS, iOs Games, PS 3, Wii, Xbox 360