Shank 2
Shank 2 RP2 Shank ကိုကစားခဲ့ဖူးတဲ့သူတိုင်း ဒီဂိမ်းလေးရဲ့အနှစ်သာရကိုသိကြမှာပါ။ ကစားဖူးခြင်းမရှိတဲ့သူတွေ အနေနဲ့လည်း အခုထွက်လာတဲ့ဂိမ်းဖြစ်တဲ့ Shank 2 ဟာ အကောင်းဆုံးအဖော်မွန် တစ်ခုလိုတော့ပေး စွမ်းမှာ မလွဲပါဘူး။ ရုပ်ထွက်တွေကို ကြည့်ပြီလည်း မကစားပဲနဲ့မနေလိုက်ကြပါနဲ့ဦး။ ဘာကြောင့်လည်းဆိုတော့ ဒီဂီမ်းလေးက 2D လိုမျိုးဖြစ်နေပေမယ့်လည်း ကစားရတာက တော်တော်လေးကို ပျော်ဖို့ကောင်းတာ ကြောင့်ဖြစ်ပါတယ်။ ပထမပိုင်းတုန်းက ထွက်ခဲ့တဲ့အတိုင်းပါပဲ၊လူဆိုးတွေထဲမှာ အနည်းငယ် စိတ်ကောင်း ရှိတဲ့ ဇာတ်လိုက်ကျော်ကြီးဟာ ရန်သူတွေကို ပြန်လည်ချေမှုန်းဖို့အတွက် မဟာဓားနှစ်လက်ရယ်၊ လွှာစက်ရယ်ကို ကိုင်ပြီးတော့ သူ့ထက်အကောင်ကြီးပြီးတော့ ဥာဏ်နည်းတဲ့ ပြိုင်ဘက်တွေကြားထဲမှာ အနားမရအောင် တိုက်ခိုက်ရမယ့် ဇာတ်လမ်းပါ။ 2D ဆန်ဆန်ကို တမင်လုပ်ထားတာဖြစ်လို့ ကလေးတွေအကြိုက်တွေ့နိုင်စေပြီးတော့ တိုက်ခိုက်ရတာတွေ လည်း ကောင်းပါတယ်။ လက်မြန်ရင်မြန်သလောက် ရန်သူကို သတ်ရာမှာ ခုတ်ချက်တွေ၊ပြစ်ချက်တွေကို လိုက် ပြီးတော့အမှတ်တွေရနေနိုင်မျိုးကိုပါလုပ်ထားတော့ နှစ်ယောက်ကစားတဲ့အခါတွေမှာ ပြိုင်ဆိုင်မှုအရ ပြင်းထန်တာတွေရှိလာနိုင်သေးတယ် လို့ပြောရမှာဖြစ်ပါတယ်။ အဆင့်မြင့်တဲ့ ရုပ်ထွက်တွေကြောင့်လည်း ကစားသူတွေကို ဆွဲဆောင်မှုကောင်းကောင်းပေးနိုင်မှာ သေချာတယ်။ ထွက်လာတာမကြာသေးပေမယ့်လည်း ဒီဂီမ်းလေးကို ကစားနေကြတဲ့ သူတွေဆီကနေပြီးတော့ ထွက်လာတဲ့ အသံတွေထဲမှာ ကစားရတာကောင်းတယ်၊ နောက်ပိုင်းတွေမှာခေါင်းစားလောက်အောင်လို့ တိုက်ခိုက်ရတာတွေရှိတယ် လို့ပြောကြတယ်။ ဟုတ်ပါတယ်၊ ဒီဂီမ်းလေးဟာ … Read entire article »
Hitman: Absolution
Hitman: Absolution RP2 ဒီဂိမ်းလေးကိုတော့ အားလုံးသိကြမှာပါ။ ဂိမ်းအသွင်ကနေပြီးတော့ ရုပ်ရှင်လည်းပဲ တစ်ကားထွက် ခဲ့ပြီးပြီ။ မကောင်းမှုကိုလုပ်ပေမယ့်လည်း ဒီဂိမ်းထဲက ဇာတ်ကောင် ကတော့ လေ့ကျင့်ပေးထားတဲ့ အတိုင်း အမိန့်တစ်ခုရဲ့အောက်မှာ အသားတကျမရှိပဲ သနားတတ်တဲ့စိတ်၊ စာနာတတ်တဲ့စိတ်တွေ ကြားမှာ အသိတရားပြန်လည်နေတဲ့ ကြေးစားလူသတ်သမား တစ်ယောက်ပေါ့။ ခေါင်းတုံးထားပြီး နောက်စေ့မှာဘားကုတ်ရေးထားတဲ့သူ၊အမြဲသွေးအေးတယ်။ဒဏ်ရာရရင်တောင် ဂရုမစိုက်တတ်သူပါ။ အနောက်တိုင်း ၀တ်စုံကို သေသေ သပ်သပ်ဝတ်ပြီးတော့ မျက်နှာထားတည်တည်ထားတတ်သူ ကတော့ ဟစ်မန်းပါပဲ။ သူက လူသတ်သမားတစ်ယောက်။ ဘ၀မရှိဘူး။ ခိုင်းတာကိုပဲလုပ်တယ်။ အပိုအလိုမရှိ၊ ဘ၀မှာသေဖို့စောင့်နေတဲ့သူ။ သူမသတ်ရင် ၊ကိုယ်ကသတ်မှာ။ ကစားပွဲမဟုတ်ဘူး။ ကြေားစားက ကြေးစားပါပဲ။ ဘ၀တွေကို အဆုံးသတ်ပေးနေရတဲ့ အေးဂျင့် 47ပါ။ သွေးအေးတယ်။ ရက်စက်တယ်။အမှားမခံဘူး။ အမြဲတမ်းလိုက်တမ်းပြေးတမ်းကစားတယ်။ ပါးနပ်တယ်။ လူသတ်ဖို့ ဆိုတာသူ့အတွက်တော့ ထမင်းစားရေသောက်ပဲ။ စတီးကြိုးမျှင်လေးနဲ့ သတ်ရတာကို အများဆုံးအသုံးပြုသူပေါ့။ ပြီးတော့ သေနတ် 2လက်နဲ့လည်း အပြင်း ထန်ဆုံးတိုက်ပွဲတွေကို တိုက်တတ်သေးတဲ့သူ။ အမှောင်ကိုအား ကိုးပြီးတော့လည်း သူက တစ်ဘက်သားကို မျက်လှည့်ပြတတ်တဲ့သူ။ အသွင်ပြောင်းအောင် လို့လည်း ၀တ်စုံတွေကို ရန်သူတွေကိုသတ်ပြီးတော့ ပုံမှားရိုက်တတ်သူက အေးဂျင့် 47ပါ။ ဒီတစ်ခါမှာလည်း ကောင်မလေးတစ်ယောက်ပါလာပါလိမ့်ဦးမယ်။ … Read entire article »
Resident Evil 6
Resident Evil 6 RP2 မျှော်တာကတစ်ခု ရောက်လာမှာက တစ်မျိုး ဆိုပေမယ့်လည်း ကျေနပ်စရာတွေကတော့ အားလုံးအတွက် ရင်နဲ့အပြည့်ပါလို့ဦးစွာပထမပြောချင်တယ်။ ဘာကြောင့်လည်းဆိုတော့ Capcom ဟာ လုပ်လိုက်ရင်အဆန်းတွေချည်းပဲဖြစ်နေလို့ပါပဲ။ အခုဆိုရင် RE:RC (Resident Evil Raccon City) ကိုထုတ်မယ်လို့ဆိုပြီးကာမှ ထွက်လာလိုက်ကြတဲ့ Capcom ဂိမ်းတွေက နည်းတာမှမဟုတ်တာဗျာ။ ကြားထဲမှာ Nintendo DS3 အတွက်တောင်မှ Resident Evil ဂိမ်းတစ်ခုထွက်သွားသေးတယ်မဟုတ်လား။ 2012ထဲရောက်လာတော့ RE:RC (Resident Evil Raccon City) ကိုကစားရဖို့နီးနေပြီလို့တွေးနေတဲ့သူတွေပျော်နေကာမှ ထပ်ပျော် အောင်လို့လုပ်တာလား၊ဒါမှမဟုတ်ပဲ အချိုချကျွေးလိုက် တာလားဆိုတာမသိပေမယ့် RE ပရိသတ်တွေကတော့ အတော်လေးကို စိတ်ချမ်းသာရတာအမှန်ပါပဲ။ ဘယ်တော့မှကိုရိုးမသွားတဲ့ Raccon City ကနေပဲ RE:6 ကိုပြန်စပါလိမ့်မယ်လို့ Capcom ကတာဝန် ရှိသူတွေကဆိုထားတယ်။ ဇာတ်အိမ်မတူတော့ပေ မယ့်လည်း ဇာတ်ဆောင်တွေနေနဲ့ကတော့ အရင်လူ တွေပါပဲတဲ့။ လီယွန်ပါလာမယ်၊ Bioterrorism Security Assessment Alliance member ဖြစ်တဲ့ Chris Redfield ပြန်လည်ပါလာပါလိမ့်မယ်။ နောက်ပြီးတော့ အတိတ်ကိုပြန်လည်သတိရစေမယ့် အရာ တွေ လည်းပြန်လည်ပါလာလိမ့်မယ်။ အချစ်ဦး … Read entire article »
Plants and Zombies 2
Plants and Zombies 2 RP2 လွန်ခဲ့တဲ့ 2 နှစ်နှစ်ကျော်လောက်က နေပြီးတော့ ပရိသတ်တွေနဲ့ ရင်းနှီးမှုရယူခဲ့တဲ့ ဂိမ်းလေးကိုတော့ မှတ်မိနေ ကြဦးမှာပါ။ ဘာကြောင့်လည်းဆိုတော့ ကစားရတာကောင်းပြီးတော့ လက်ခံမှုအပြည့်ရခဲ့တဲ့ ဒီဂိမ်းလေးဟာမရိုး နိုင်အောင်လို့ရှိနေခဲ့ပြီးတော့ အခုအထိလည်း ဆက်လက်ကစားနေကြ ဆဲပါပဲ။ နောက်ထပ်အသစ်မထွက်တော့ ဖူးလားလို့မေးနေတဲ့ လူတွေလည်းများလာတာကြောင့် POPCON ကနေပြီးမကြာခင်မှာပဲ သူတို့တွေရဲ့ Plants and Zombies 2 ကို ထုတ်တော့မယ်လို့ပြောထားလိုက်ပါတယ်။ အတိအကျပြောတာမျိုးမဟုတ်ပေမယ့်လည်း ဂိမ်းအသစ်တွေထဲမှာပါလာနိုင်ဖွယ်ရှိတဲ့ ဇာတ်ကောင် အသစ်တွေကိုပါထည့်ပြီးကစားနိုင်အောင်လုပ်ပေးမယ်ဆို တာဟာ အင်တာနက်စာမျက်နှာတွေမှာ လည်းတွေ့နေရတာကို PopCap မငြင်းတာတွေကြောင့်လည်း အသေချာကြီးကို ဒီဂိမ်း ကထွက်လာမှာဖြစ်တယ်ဆိုတာပြောနိုင်နေပါပြီ။ Charater အသစ်တွေအနေနဲ့ကတော့ 5 မျိုးလောက်ကို ပုံစံအသစ်တွေရေးဆွဲထားပြီးပြီလို့လည်းသိရပါတယ်။ ကစားရမယ့်ပုံစံကိုတော့ ပြုပြင်ပေးထား တာမျိုးမရှိပေမယ့် နောက်ခံရှုခင်းတွေနဲ့ ဇွန်ဘီတွေကိုတော့ အနည်း ငယ် အဆင့်မြှင့်မယ်လို့လည်းသိရပါသေးတယ်။ အိမ်ကိုစောင့်လျှောက်မယ့် ပန်းပင်တွေ၊ အသစ်ပင်တွေအပြင် သစ်သီးတွေလည်း ပုံစံပြောင်းဖို့နည်းနည်းလေးရှိသလိုအသစ်တွေအနေနဲ့ပါလာမှာတွေလည်း ရှိကြပါတယ်။ အဲ့ဒါတွေကတော့ Long Tribulus လို့ခေါ်တဲ့ အသားစားအပင်ရိုင်း ကို ပုံစံအသစ်ပြောင်းထားလိုက်တယ်။ ပြီးတော့လည်း Garlic လို့ခေါ်တဲ့ ကြက်သွန်ဖြူ နေရာမှာ နောက်ထပ်တစ်မျိုးဖြစ်တဲ့ Garlic … Read entire article »
Filed under: DS, Features, Mobile, News, PC, Preview, PS 3, Wii, Xbox 360
Tomb Raider: A Survivor is Born
Tomb Raider: A Survivor is Born RP2 နောက်ဆုံးထွက်မယ့် Tom Raider ဂိမ်းလေးပါ။ Lara Croft and the guardian of the Light လို တော့ Genre ကတော့ Fixed-camrea 3D Plaform မဟုတ်တော့ဘူး။ Action – Adventure Game ဖြစ်သွားပါတယ်။ Crystal Dynamics နဲ့ Square Enix တို့ကပဲပေါင်းပြီးတော့ ထုတ်ဦးမှာပါ။ 2012 အတွင်းမှာပဲထုတ်ဖြစ်ပါလိမ့်မယ်။ အရင်ဂိမ်းတွေလိုမဟုတ်တော့ပဲနဲ့ထွက်လာမှာဖြစ်လို့လည်းအားလုံး ကစောင့်မျှော်နေကြတယ်။ ဘာကြောင့်လည်းဆိုတော့ ဒီဂိမ်းဟာ Lara Croft ဂိမ်းတွေထဲမှာ အကောင်းဆုံးဖြစ်အောင်လို့လုပ်ထား တာကြောင့်ပါပဲ။ Lara Croft ဂိမ်းတွေလို ကစားရတာကောင်းပြီးတော့ Puzzle တွေကို အက်ရှင်တွေနဲ့ ရှင်းရမှာဖြစ်နေပြီးတော့ ဖိုက်တင်ခန်းတွေကိုလည်းပိုပြီးတော့ကောင်းအောင်လို့ မွမ်းမံထား လို့ပါပဲ။ နောက်ပြီးတော့ပြောင်းလဲလာတဲ့ ဂရပ်ဖစ်ရုပ်ထွက်တွေနောက်ကိုလည်းအပီလိုက်ထားတယ်။ Square Enix ဟာဆိုရင်ဂိမ်းလောကမှာ နာမည်ရနေ တဲ့ ဂိမ်းထုတ်လုပ်သူတွေပါ။ မကောင်းတဲ့ဂိမ်းတွေတစ်ခုမှမရှိ သလောက်ပါပဲ။ ဒါတွေကြောင့်လည်းသူတို့တွေအနေနဲ့နောက်ဆုံးထွက်မယ့် Lara Croft ဂိမ်းလေးကို အခြားဂိမ်းတွေထက်သာအောင်လို့လုပ်လိုက်တာပါပဲ။ Lara … Read entire article »
Trine 2
Trine 2 RP2 ဖင်လန် အခြေစိုက် Frozenbyte နဲ့ ဂျပန်ဗီဒီယိုဂိမ်း ထုတ်တဲ့ Atlus ပေါင်းပြီးတော့ Trine 2 ကိုထုတ်လိုက်ပါပြီ။ PC/Mac Os X,Linux အတွက် သာမက PlayStation 3 Network နဲ့ Xbox Live Arcade ပါထုတ်တာဆိုတော့ ဘယ်လိုပဲဖြစ် ဖြစ် PC သမားတွေအတွက်တော့ဝမ်းသာစရာပါပဲ။ ဒီဇင်ဘာလထဲမှာထွက်လာတာ ဆိုပေမယ့် Platform အစုံ အတွက် ရက်တွေအသီးသီးခွဲပြီးတော့မှထုတ်တာဖြစ်တာကြောင့်လည်း အခုမှသာ အပြီးသတ်အနေနဲ့ထွက် တယ် လို့တောင်ပြောနိုင်ပါတယ်။ Frozenbyte နဲ့ Atlus တို့ဟာ လွန်ခဲ့တဲ့ 2009 မှာ ဒီဂိမ်းကိုစပြီးတော့ ထုတ်ခဲ့ ရာမှာ ထိုက်သင့်တဲ့အောင်မြင်မှုတွေရခဲ့ပြီး ကစားသူတွေလည်းများခဲ့တာကြောင့် အခုလိုနောက်ဆက်တွဲ ကို ထပ်ပြီးတော့ထုတ်လိုက်တာပါပဲ။ ပထမအခွေထဲကဇာတ်ကောင်တွေကိုပဲ ဒီဂိမ်းထဲမှာပြန်ထည့်ပေးထားပြီးတော့နောက်ထပ်ဇာတ်လမ်းအသစ်နဲ့ ကစားစေမှာပါ။ Character တွေအနေနဲ့ က တော့ သူခိုးရယ် သူရဲကောင်းရယ် မှော်ဆရာရယ်ဆိုပြီးတော့ ထုံစံအတိုင်း ၃ ယောက်ပါမယ်။ ဇာတ်ရုပ်ရွေးပြီးတော့ အတူတူသွားရမယ်။ Zoya ကောင်မလေး သူ့မှာ လေးနဲ့ မျှားပါတယ်။ ဒါက … Read entire article »
Need for Speed: The Run
Electronic Arts (EA) ရဲ့ Need for Speed series ဟာ Need for Speed -Underground နှင့် လူစိတ်ဝင်စားမှုအများဆုံး Racing Game တစ်ခုအဖြစ်ရပ်တည် နိုင်ခဲ့တာ ယနေ့ထက်တိုင်ဖြစ်ပြီး Need for Speed – The Run ဂိမ်းအသစ် ဟာဆိုရင်လည်း Race Track တွေ ပြိုင်ကွင်းတွေပေါ်မှာ မောင်းရတဲ့ပုံစံမျိုးမဟုတ်ဘဲ Need for Speed ဂိမ်းတွေကိုနာမည်ကြီးစေခဲ့တဲ့underground racing style ကြမ်းကြမ်းတမ်းတမ်း မောင်းနှင်ရမဲ့ game playမျိုးဖြစ်ပါတယ်။ 2011 အစောပိုင်းမှာလည်း Need for Speedဂိမ်းတစ်ခုဖြစ်တဲ့ Need for Speed: Shift 2 Unleashedထွက်ရှိထားပေမဲ့လည်း ကစားသူအများစုကတော့ Race Track တွေပေါ်မှာမောင်းနှင်ရတဲ့ Need for Speed ဂိမ်းတွေထက် Race Track အပြင်ဘက် levelတွေ၊ Police Chase တွေပါဝင်တဲ့ underground racing style Need for Speedဂိမ်းတွေကို ပိုမိုလိုလားကြတာကို … Read entire article »
The Elder Scrolls V: Skyrim Review
Developer : Bethesda Game Studios Publisher: Bethesda Softworks Engine: Creation Engine Platform(s): PC, PS3, Xbox360 Release Date: November 11, 2011 မြန်မာပြည်က လက်ရှိ video game ဝါသနာရှင်အများစုဟာ လွန်ခဲ့တဲ့ ဆယ်.ငါးနှစ်လောက်ကလိုမျိုး မျက်စိရှေ့မှာပဲ မြင်ရတဲ့၊ ဝယ်လို့ရတဲ့ ဂိမ်းလောက်မှ ကစားကြတဲ့ အဆင့်မျိုးမဟုတ်တော့ပါဘူး။ လူအများစု Internet မသုံးနိုင်သေးခင်မှာတောင် နည်းပညာ Magazine တွေ Journal တွေရဲ့ ကျေးဇူးနှင့် ဂိမ်းအသစ်တွေရဲ့ Previews တွေ Reviews တွေဖတ်ရှုနိုင်ခဲ့သလို Internet အသုံးပြုနိုင်တဲ့နောက်ပိုင်းမှာလည်း video game website တွေမှာ သတင်းမျိုးစုံ ဖတ်ရှူနိုင်ခဲ့ကြပါတယ်။ Video game ထုတ်လုပ်သူတွေ ကလည်း ဂိမ်းအသစ်မထွက်ခင် တစ်နှစ်၊ နှစ်နှစ် အကြာ development process ကတည်းက ကြိုတင်ကြေငြာလေ့ရှိတဲ့ အတွက်ကြောင့် gamer အတော်များများဟာ ဂိမ်းအသစ်ရဲ့ screenshots တွေ trailers တွေကို ကြည့်ပြီး စောင့်မျော်ရတဲ့ အရသာကို သဘောတွေ့ခဲ့ကြပါတယ်။ Bethesda … Read entire article »
Syndicate 2012
Syndicate 2012 RP 2 PC သမားတွေအတွက် တော့ပျော်စရာသတင်းကောင်းလေးပါပဲ။ အထူးသဖြင့် FPS ကို နှစ်ခြိုက်ကြတဲ့ကစားသမားတွေ အတွကပေါ့။ Starbreeze Studios ကနေပြီးတော့ မကြာခင်မှာ ထုတ်လုပ်တော့မှာပါ။ Starbreeze Studiosဟာ EA Arts နဲ့ပေါင်းပြီးတော့ ထုတ်မှာဆိုတော့ ရုပ်ထွက်နဲ့ဇာတ်လမ်း ဟာ ပြောစရာသိပ်မလိုအောင်တောင်ရှိနေနိုင်တယ်လို့တောင်ပြောနိုင်ပါသေးတယ်။ Syndicate ဆိုတဲ့ဂိမ်းဟာ အရင်တုန်းကလည်း ထွက်လာခဲ့ဖူးပါတယ်။ ဒီလိုနေရာမှာတော့မဟုတ်ဘူး။ Serie တွဲတွေအနေနဲ့ထွက်ခဲ့ပေမယ့် လူကြိုက်နည်းခဲ့ လို့ထင်သလောက်မပေါက်ခဲ့ပါဘူး။ MS-DOC, PS 1, PSN တို့မှာထွက်ခဲ့တဲ့ Syndicate Wars ဆိုရင် EA Arts သူတို့လုပ်ပြချင်တာကိုအသားပေးခဲ့ပြီး ဇာတ်လမ်းကို အဒီကထားပေမယ့်လည်းလူကြိုက်နည်းလို့ရှေ့ကိုသိပ်မရောက်လာပါဘူး။ Cybernetic ဆိုတာကို လူတွေပိုစိတ်ဝင်စားအောင်လုပ်ခဲ့တာပဲရှိ တယ်။ အားလုံးရဲ့အစဖြစ်ခဲ့တဲ့ Syndicate ဟာအခုတော့ နောက်ထပ် အသစ်အဖြစ် Syndicate 2012 ကို ထုတ်လုပ်ဖို့အသင့်ဖြစ်နေပါပြီ။ သူတို့ဖောက်ခဲ့တဲ့လမ်းမှာ ဆိုရင် DEUS EX တို့ က၀င်ပြီးတော့နေရာကောင်းကောင်းယူနေကြပြီမဟုတ်လား။ အစောပိုင်းမှာထွက်လာဖို့ရှိပေမယ့်လည်း သတို့ရှေ့ကနေ အထက်မှာပြောခဲ့တဲ့ DEUS EX:HR ဟာ အရင်ဦးအောင်ထွက်ခဲ့တာကြောင့်လည်း အသာလေးနောက်ပြန်ဆုတ်ခဲ့ပြီးပြင်ဆင်နိုင်သလောက် ကိုပြန်ပြင်ဆင်ခဲ့ကြပါတယ်။ ဒါကြောင့်လည်းနောက်ကျနေတာပါ။ အခုတော့ DEUS … Read entire article »
Bulletstorm
Bulletstorm (RP2) ခေတ်လွန်ဇာတ်လေးတစ်ခုပါ။ ထွက်တာတော့ 2011 ရဲ့နှစ်စလောက်မှာထွက်ခဲ့တာပါ။ PC အပါအ၀င် Platformအတော်များများမှာ ကစားလို့ရတာကြောင့်လူကြိုက်များခဲ့ တယ်။ဒီမှာလည်း အဲ့ဒီဂိမ်းကိုတော်တော်များများ ကစားဖြစ်တယ်။ အဓီကကတော့ဒီဂိမ်းဟာဝယ်ရတာလည်းငွေ ကုန်သက်သာပြီးတော့ကစားရ တာလည်းတန်လို့ပါ။DVD 1 ချပ်တည်းနဲ့ကစားရတာဖြစ် တာ ကြောင့် အေးအေးဆေးဆေး ကစားနိုင်တယ်။နောက်ပြီးတော့ဒါကိုတွေ့တော့ တစ်ချိန်က Family Game မှာ စွဲလန်းခဲ့တဲ့ CONTRA ဂိမ်းလေးကိုသွားသတိ မိပြန်ပါသေးတယ်။ ကစားရာတာကောင်းပြီးတော့ ကစားသူကိုပါစိတ် ထွက်ပေါက်ပေးနိုင်တာကြောင့် အနည်း ငယ်နောက်ကျနေပေမယ့်ကစားသင့်တဲ့ Action ဂိမ်းလေးဖြစ်လို့ပြန်တင်ပေး လိုက် ရပါတယ်။ 26th century မှာဒီဇာတ်ကိုစပြီးတော့တည်ပါတယ်။မင်းသားကတော့အသာက်အစားကြိုက်သူပေါ့။ဒါပေမယ့်ရဲရင့်တယ်။ဇွတ်လုပ်တတ်ပေမယ့်ပြသနာကိုတာဝန်ယူနိုင်တယ်။အဖွဲ့နဲ့လာ တာ၊ဒါပေမယ့် အာကာသမှာတိုက်ပွဲဖြစ်ပြီးတော့ ယာဉ်ပျက်ကျလာတော့ဂြိုလ်တစ်ခုအပေါ်မှာပါ။ကမ္ဘာဂြိုလ်နဲ့တော့ဆင်တူတယ်။ကွာခြားသွားတာကရက်စက်ကြမ်းတမ်းမှုတွေပါပဲ။ လူသားစားကောင်တွေ၊အရိုင်းအစိုင်းတွေအများကြီးရှိတဲ့နေရာကိုမှကျသွားတာပါ။ဂြိုလ်ပေါ်ရောက်ပြီဆိုတည်းကအခက်အခဲတွေကအများကြီးရယ်။နားရတယ်ဆိုတာမရှိဘူး။ကြားထဲမှာ ဇာတ်လိုက် ဖြစ်တဲ့ Grayson Hunt ဘက်က Genernal Sarrano ကသစ္စာဖေါက်သွားလို့လိုက်ရှင်းရတာကတစ်ကြောင်းပြီးတော့ လက်တွဲဖော်တိုက်ဖော်တိုက်ဖက် စက်ရုပ်တစ်ပိုင်းလူတစ် ပိုင်း cyborg partner Ishi Soto နဲ့ကျားသစ်မလေးလိုရဲရင့်ပြီးစိတ်မြန်တဲ့ကောင်မလေး Trishka တို့ရဲ့ပူးပေါင်းတိုက်ခိုက်မှု ကလည်း Grayson Hunt အတွက်အားရှိသလိုမထင်မှတ် တာတွေကြောင့်ဖြစ်လာတဲ့အပေါ်မှာရသလိုတိုက်ခိုက် ရင်းနဲ့လွတ်မြောက်ခွင့်ရ ဖို့တွေကိုကြံရတာတော်တော်လေး ကိုကြည့်လို့လှပြီးတော့ကစားရ တာကောင်းတယ်။ ဒီဂိမ်းကိုထုတ်တာကေ တာ့ EA Sport ၊ People … Read entire article »
I Am Alive
I Am Alive RP2 “ရှင်သန်ခြင်း !!!!…..” ဘာကိုပြောချင်တာလဲ…????? ဘ၀ တွေရယ်လို့ဖြစ်လာရင်တော့ …. ရှင်သန်ခြင်းဆိုတာ ရှိနေရမှာပဲလေ……. မဟုတ်ဘူးလား… ရှင်သန်ခြင်း ရဲ့တန်ကြေးကရော…… ဘယ်လိုအနေအထားတွေ မှာမှ အဖိုးတန်နေပါသလဲ…. ဟုတ်ကဲ့ပါ… အားလုံးအတွက်ဆိုရင်တော့…ပြောစရာရှိတာက.. ကပ်ဆိုးများနဲ့.သေဆုံးခြင်းတွေကို နတ်ဆိုးတွေ သယ်ဆောင်လာတဲ့အခါမှာ ရှင်သန်ခြင်းရဲ့ အဖိုးအနဂ္ဂထိုက်တန်မှုတွေကအလိုလိုနေရင်းနဲ့ကို တန်ကြေးတွေမြင့်တတ်လာတော့ တာပါပဲ… သေဘေး နဲ့ကြုံလာချိန်မှာတော့ ရှင်သန်လွတ်မြောက်ခွင့်တွေကို လိုတာထက်ပိုမိုမက်မောတာ ဟာ ရှင်သန်ခြင်း ရဲ့ အရေးအပါဆုံး အချိန်တွေပါပဲ… လူအများစုဟာ တစ်ကယ်တော့အတ္တတွေနဲ့ ဖုံးလွှမ်းနေတဲ့ သူတွေပါ… သာမန်အချိန်မှာတော့ သိသာချင်မှ သိသာပါလိမ့်မယ်… အသက်ဘေးနဲ့တွေ့လာချိန်ရောက်လာခဲ့ ရင်ညှာတာမှု၊ကိုယ်ချင်းစာမှု ဆိုတာတွေ ဟာ အသိထဲမှာ ရှိတော့တာမှမဟုတ်တော့တာပဲ… တစ်ကယ့်စိတ်ရင်အမှန်ဆိုတာမျိုးဟာ ဘေးတွေ့နေရတဲ့ အချိန်ကျမှ သိရတာမျိုးမဟုတ်ပါလား… အဲ့ဒါတွေကိုသိရအောင်လို့ ဘယ်လို လုပ်မလဲ … သူ့အတွက် အဲ့ဒါတွေလိုအပ်နေတယ်… ဘယ်သူကူညီမလဲ.. ပတ်ဝန်းကျင်တစ်ခုလုံးက ပျက်စီးမှုတွေ ဗလာပွနဲ့ အပျက်အစီးတွေကြားထဲမှာ မြင်ရက်စရာမရှိ…. မြေ ငလျင် လှုပ်ခတ်မှုအောက်မှာ လူတွေတော်တော်များများရဲ့အသက်တွေပေးဆပ်လိုက်ရပြီးပြီ….နောက်ထပ်ဘာများကို လိုချင်နေသေးသလဲ… ဘ၀တွေရဲ့ပျက်စီးမှုကိုလား၊လူသားတွေရဲ့ဆိုးသွမ်းမှုကိုလား… ရှင်သန်ခြင်းတွေက မလွတ်လပ်တော့ ဘ၀တစ်ခုရှင်သန်ဖို့ ဘ၀တွေတော်တော်များများက ပျက်စီးပေးနေရတဲ့ အချိန်လိုဖြစ်နေပြီ.. ချီကာကို မှာ 10.3 magnitude လောက်ရှိတဲ့ မြေ ငလျင်လှုပ်ခတ်မှုဟာ အဲ့ဒီဒေသကြီးတစ်ခုလုံးကိုအမှောင်ဖုံးသွားစေတာကနေ အားလုံးရဲ့ပျော်ရွှင်မှုတွေကို ပါ ပျက်သုန်းသွားစေတယ်။ ဘ၀တွေရဲ့အစအနတွေကို ပြန်လိုက်ကောက်နေတဲ့ သားတစ်ကွဲ၊မယားတစ်ကွဲတွေ အပြင် မိသားစုလိုက်ဘယ်ရောက်လို့ဘယ်ပျောက်သွားမှန်းမသိရတဲ့ နေ့တွေအောက်မှာ ရှင်သန်ခြင်း တွေကလည်း ငိုမဲ့မဲ့ရယ်… ဘာတွေလဲ…ဘာတွေလဲ…ဘာတွေလဲ… မခံစားချင်တော့ဘူး… Adam Collins တစ်ယောက် စိတ်ထဲမှာပျောက်ထွက်သွားမတတ်ညစ်နေပေမယ့်..မိသားစုအရေးက ရှိနေသေးတော့ … Read entire article »