Articles Comments

MMGamers.com » Facebook Games

Zombie Lane(Facebook game)

Zombie Lane(Facebook game)

Zombie Lane လို့ပြောလိုက်ရင် အင်တာနက်သုံးတဲ့သူတော်တော်များများ သိကြပါလိမ့်မယ်။facebook မှာဂိမ်းဆော့လို့ရမယ်။မိမိ စိတ်ထဲမှာရှိတဲ့အရာတွေ ရင်ဖွင့်လို့ရမယ်။ဒါတွေကလည်း သိပြီးသူတွေများပါတယ်။တော်ကြာ လျှာရှည်တယ် ထင်နေပါဦးမယ်။ ကဲ Zombie Lane ဆိုတာက စိတ်ကိုအပန်းပြေချင်ရင်တော့ ကောင်းတယ်လို့ပြောရပါလိမ့်မယ်။Hardcore ဂိမ်းကြီးမဟုတ်ပေမဲ့လည်း ရုပ်ထွက်ကတော့မဆိုးဘူးပြောရ မှာပေါ့နော်။ကာတွန်းပုံလေးတွေနဲ့ဆိုတော့ စိတ်ကိုပျော်ရွှင်မှုပေးတယ်လို့ ထင်ပါတယ်။ Zombie ဂိမ်းတွေကိုသဘောကျတဲ့လူတွေကတောု့ကိုက်တွေ့ကြမယ်လို့ထင်ပါတယ်။ Left 4 dead တို့ Dead Island တို့ RE နဲ့ Dead Rising တို့ကိုကစား ပြီး Zombie Lane ကိုတော့အလကားပါကွာလို့မထင်လိုက်ပါနဲ့။တကယ်ကစားကြည့်မှ  ကောင်းကွက်ကလေးတွေသိမှာပါ။ဒီဂိမ်းမှာ ကစားသူက zombieူမို့ ထဲမှာအသက်ရှင်အောင်နေရသူပါ။zombie တွေကို သတ်ရမယ်။အိမ်ကိုလည်းပြန်ပြင်ရမယ်။ဒါပေမဲ့ zombie တစ်ကောင်သတ်တိုင်း အားလျှော့သွားပါတယ်။ဒါပေမဲ့ အဲလိုလျှော့ရင် မိမိသူငယ်ချင်းတွေဆီကနေ အကူအညီတောင်းနိုင်ပါတယ်။အားကိုလည်း ၀ယ်ယူနိုင်ပါတယ်။ဒါပေမယ့် ပိုက်ဆံနဲ့ဝယ်ရတာဆိုတော့ သိပ်အဆင်မပြေနိုင်ပါဘူး။မိမိ ရဲ့ ဇာတ်ကောင်ကိုလည်း အ၀တ်အစား ကောင်းကောင်းဆင်ပေးနိုင်ပါသေးတယ်။တချို့အ၀တ်အစားတွေကတော့ ၀ယ်ရတာပါ။အများကြီးတော့မဟုတ်ပါဘူး။ ၁၀ဒေါ်လာ ၁၅ဒေါ်လာ စသည်ဖြင့်ပါပဲ။   အလွန်ဆုံး ၂၀ ကျော်အထိပါပဲ။သူခိုင်းတာတစ်ခု လုပ်ပြီးတိုင်း coin တွေရပါတယ်။သေနတ်တွေ ၀ယ်နိုင်ပါတယ်။zombie type တွေကလည်းစုံပါတယ။် supermarket zombie တို့ဘာတို့စသည်ဖြင့်စုံလင်ပါတယ်။သူတို့ကိုသတ်ပြီး … Read entire article »


CityVille (Facebook Game)

CityVille (Facebook Game)

ဂိမ်းကစားသူတွေနဲ့ ပတ်သက်ပြီး မေးစရာ မေးခွန်းရှိပါတယ်။ အဲဒါကတော့ ဂိမ်းတွေဟာ ယောက်ကျားလေးတွေအတွက်ပဲလားဆိုတာပါပဲ ။ အဲဒီမေးခွန်းဟာ မှားပါတယ် ဘာဖြစ်လို.လဲဆိုတော့ တစ်နေ့ထပ်တနေ့ တိုးလာတဲ့ မိန်းကလေးဂိမ်းကစားသူအရေအတွက်ကြောင့်ပါပဲ ။ အများစုဟာ ယောက်ကျားလေးတွေလို ဂိမ်းတိုင်းကစားတဲ့ hardcore gamer တွေမဟုတ်ကြပေမယ့် facebook လိုမျိုး Casual ပုံစံမျိုးတွေမှာ တော်တော်လေးကို အင်အားတောင့်တာတွေ့ရပါတယ် ။ Zuma လိုမျိုး ၊ plant vs zombie လိုဂိမ်းမျိုးမှာ မိန်းကလေး ဂိမ်းကစားသူတွေဟာ အတွေးအခေါ်ကောင်းကောင်းနဲ့ စိတ်ကူးလဲရှိ စိတ်လဲ ရှည်ကြပါတယ် ။ အဲဒီလိုကြိုက်နစ်သက်ကြတဲ့ ဂိမ်းတွေထဲမှာ လူကြီးလူငယ် ကျား ၊ မမရွေး နစ်သက်ကြတဲ့ Facebook မှာရှိတဲ့ CityVille ကတစ်ခုအပါအဝင်ဖြစ်ပါတယ် ။   Facebook ရဲ့ ဆွဲဆောင်နိုင်အားက ကြီးမှာလွန်းလှပါတယ် ။ အခုဆိုလူတိုင်းတော်တော်များများက အီးမေးလ်အရင်မစစ်ပဲ Facebook ကို ပထမဆုံး သုံးကြတဲ့အထိ ဖြစ်လာတာပါ ။ Facebook ရဲ့ အသုံးဝင်မူနဲ့ သုံးတဲ့သူများလာမူ … Read entire article »


ဆူရှီချစ်သူ

ဆူရှီချစ်သူ

ဂိမ်းက သေးလွန်းလို့ ငုံ့ကြည့်ရင်တောင် မြင်ရမှာ မဟုတ်ဘူး။ facebook အောက်က mindjolt ထဲက ဆူရှီလိပ်တဲ့ flash ဂိမ်းလေးပါ။ mindjoltက တခြားလူမှုကွန်ရက် စာမျက်နှာတွေမှာလည်း တွေ့တွေ့နေရတယ်။ flash game တွေအများကြီးရှိတဲ့ နေရာပေါ့။ ဂိမ်းအကြောင်း ဒီဂိမ်းကတော့ ဆူရှီလိပ်ရောင်းတဲ့ဂိမ်း။ သေးသေးလေးပေမဲ့ ချစ်စရာလေး။ နောက်ပြီး mindjolt ရဲ့ ကစားနည်းတွေထဲမှာတော့ အကြီးဆုံးလို့ ထင်တာပဲ။ အဓိကကတော့ ဆူရှီလိပ်ရောင်းတာပေါ့လေ။ လာစားတဲ့သူတွေက အမျိုးမျိုးမှာတာကို အမယ်အမျိုးမျိုးထဲက မှန်အောင်ရွေးပြီး လိပ်ရတယ်။ ဒီဆူရှီမှာဘာတွေပါလဲဆိုတာကိုက သူ့ဆူရှီလိပ်နည်းစာအုပ်ထဲမှာ ရေးပေးထားတယ်။ မမှတ်မိရင် အဲဒါလေးသွားသွားဖွင့်ကြည့်ရတာပေါ့။ တစ်ခါတစ်လေ ခေါက်ဆွဲလည်း ရောင်းရတယ်။ ခေါက်ဆွဲကိုမှ တချို့တွေက ဘာထည့်မယ် ဘာမထည့်ဘူးဆိုတာက လာသေး။ အဲဒါတွေ မှန်အောင် ထည့်ပြီး ချပေးရတာပေါ့။ စိတ်တိုနေတဲ့သူကိုဆို ဆာကေးအရက်ကလေးနဲ့ တွဲချပေးရင် စိတ်ပြန်ကြည်သွားရော။ အခန်းက ခုနစ်ခန်းပဲ ပါတယ်။ အသေးစားလေးဆိုတော့ ဒီလောက်ပဲ ပါတာပေါ့လေ။ တစ်ခန်းစီမှာ သူသတ်မှတ်ထားတဲ့ အမှတ်ကို ရောက်အောင် ဆော့ရတာပေါ့။ မရောက်ရင် ရှုံးရော။ ခုနစ်ခန်းလုံးကို သူ့အောင်မှတ်ရမှာ ဂိမ်းအောင်တယ်ဆိုပါတော့။ ဆော့နည်း စားမယ့်သူလာပြီး မှာလိုက်ပြီဆိုရင် သူမှာတာကို … Read entire article »

Filed under: Facebook Games, Featured, Mini-games

Premier Football(Facebook Game)

Premier Football(Facebook Game) ဘောလုံးကစားတာထက်နည်းပြလုပ်ရတာဝါသနာပါတဲ့ Facebookကသူငယ်ချင်းတွေ အတွက်အထူးပြုလုပ်ထားတဲ့ဂိမ်းလေပါ။ (မန်နေဂျာနဲ့နည်းနည်းတူပါတယ်) ကစားချင်တယ်ဆိုရင်တော့http://www.facebook.com/apps/application.php?id=5644329558 ဆိုတဲ့လင့်လေးမှာ ၀င်ရောက်ပြီးကစားနိုင်ပါတယ်။ စစချင်းကစားမယ်ဆိုရင် အဆင့်ကတော့Newbie ကနေစ မှာပါ။ ကိုယ့်အသင်းရဲ့နာမည်ကိုလဲကြိုက်တာပေးလိုရသလို အသင်းရဲ့ logoနဲ့Jersey ကိုလဲကိုယ့်စိတ်ကြိုက် ပြင်လို့ရပါတယ်။ အသင်းမှာဆိုကိုရဲ့Facebook ထဲမှာရှိတဲ့သူငယ်ချင်းတွေကိုထည့်ပေးရမှာပါ ဥပမာ.ဂိုးသမားနေရာမှာ ကိုသူငယ်ချင်းထဲက တစ်ယောက်ယောက်ကိုထားမယ်ဆိုရင်သူကိုဂိုးသမားနေရာမှာClick လေးနှိပ်လိုက်တာနဲ့တခါတည်း သူကဂိုးသမားဖြစ်သွားတော့တာပဲ။ အဲလိုပဲကျန်တဲ့သူငယ်ချင်းတွေကိုလဲ ထားချင်တဲ့နေရာမှာ Click နှိပ်ပြီးထည့်လိုက်ရင်ရပြီး။ နောက်Premier Football ကစားတဲ့သူတိုင်းဟာ ကိုယ်ပိုင်ကွင်းတစ်ကွင်းကိုပိုင်ဆိုင်ရပါတယ်။ အဲဒီကွင်းကိုသူပြထားတဲ့အတိုင်uးpgrade လုပ်ရမှာပါ။ကိုယ့်ကွင်းကကောင်းရင်ကောင်းသလိုပိုက်ဆံရမှာပါ။ ကိုယ့်အသင်းသားတွေကိုTrain ချင်တယ်ဆိုရင်တော့1 Skill ကို25,000 ကုန်မှာပါ။ဂိုးသမားကိုTrain ချင်တယ်ဆိုရင်ဂိုးသမားကဂိုးစောင့် ရမှာ ဆိုတော့Goalkeeping ကိုtrain ပေးရမှပါကိုယ့်ပိုက်ဆံနဲ့ချိန်ပြီး train ပါလို့သတိပေးချင်တယ်။ နောက်တခုကတော့ အသင်းသားတွေကိုTrain တာထက်ကွင်းကို Upgrade လုပ်တာပိုဦးစားပေးစေချင်ပါတယ်။Train တဲ့နေရာမှာဆိုရင် Goalkeeping,tackling,passing,shooting,speed,heading,dribbling and intelligence ဆိုပြီးရှိတဲ့ထဲကနေမှာ ကိုယ့်အသင်းသားတွေနဲ့လိုက်ဖက်တဲ့ဟာကို ရွေးပြီးtrain ပေးရမှာပါ။ ပထမဦးဆုံး League 4ကနေစကန်ရမှာပါ။ league match ကတော့ ၈ပွဲကန်ပြီးရင်နောက်ထက် ကန်ဖို့အတွက် သူပြတဲ့အချိန်ကိုစောင့်ရမှာပါ။ အဲ့ဒါပေမယ့်Friendly match ကိုတော့ကန်လို့ရပါတယ်။ Newbie ကနေအဆင့်တက်လာပြီးရင်Beginner ကိုရောက်မှာပါပြီးရင်တော့Rookie ဆိုတဲ့အဆင့်ပေါ့။ Rookieဆိုတဲ့အဆင့်ရောက်ရင်တော့ Tatic ဆိုတဲ့အကွက်လေးပွင့်သွားမှာပါ အဲဒီထဲမှာ ကိုယ့်အသင်းရဲ့ကစားကွက်ကို ကိုယ်ကြိုက်သလိုလုပ်လို့ရမှာပါ။ ဥပမာ.4.4.2 ,4..3.3 တို့ပါ။ အကွက်ပြောင်းတာအားမရသေးရင် ကစားသမားတွေကိုအပြင်မှာကစားသလိုမျိုး တိုက်စစ်ဖွင့်ကစားမယ်တို့ ခံစစ်မှာကြမ်းကြမ်းတမ်းတမ်းဖျတ်မယ်တို့ ကအစအကုန်လုပ်လို့ရမှာပါ ။  league matchတွေမှာတစ်ပွဲနိုင်ရင်၅သန်းကျော်အနည်းဆုံးရတယ် အဲဒါကလဲ ကွင်uးpgradedအကုန်တင်ပြီးမှပါ။ Facebook ထဲကသူငယ်ချင်းတွေ ပျော်ပျော်ပါးပါးကစားနိင်မှာပါ.။ ကျနော်ဆိုရင်တော့ဘောလုံးဝါသနာပါ လို့လားမသိဘူး အဲဒီ ဂိမ်းလေးကိုတော်တော်ကြိုက်တယ်။ အပြင်မှာလိုမမောဘူးအသားမမဲဘူးပေါ့ဗျာ။ … Read entire article »

Filed under: Facebook Games, News

စားသောက်ဆိုင်မြို့တော်မှာ ပစ္စည်းတွေဖွင့်ဖို့

စားသောက်ဆိုင်မြို့တော်မှာ ပစ္စည်းတွေဖွင့်ဖို့

restaurant city မှာ တစ်လခွဲကိုတစ်ခါလောက် အထူးပစ္စည်းအသစ်တွေ ထွက်လာတတ်ပါတယ် ။ ပိုက်ဆံနဲ့၀ယ်ရတာမဟုတ်ဘဲ ဟင်းတွေတစ်မျိုးပြီး တစ်မျိုးရအောင်လုပ်ပြီးတော့ အဲဒီပစ္စည်းကို ကိုယ့်ဆိုင်မှာထားနိုင်အောင် လုပ်ရမှာပါ ။ စစချင်း ဟင်းတစ်မျိုးကို အရင်ဆုံးပွင့်အောင် ဖွင့်ရပါတယ် ။ များသောအားဖြင့် အမယ်သုံးခုပါတဲ့ ဟင်းပေါ့။ အဲဒီ အမယ်သုံးခုရပြီဆိုရင် ဟင်းတစ်ပွဲပွင့်တယ် ။ ဒါပေမဲ့ အဲလို ဟင်းဆယ်ပွဲပွင့်မှ သူသတ်မှတ်ထားတဲ့ပစ္စည်းကိုရမှာပါ ။ သတ်မှတ်ထားတဲ့ ပစ္စည်းကို ရတဲ့အပြင် နောက်ထပ်ဖွင့်စရာ ဟင်းပွဲတွေပါ မြင်ရပါတယ် ။ ပထမဦးဆုံးပွင့်တဲ့ ဟင်းပွဲက ပစ္စည်းအခွံသက်သက်ကိုပဲရပြီး ကျန်တဲ့တန်ဆာပလာတွေ ဖွင့်ဖို့က နောက်ထပ်ဟင်းပွဲတွေ အကုန်ပွင့်အောင်လုပ်ဖို့လိုပါတယ် ။ နောက်ဆိုးတာတစ်ခုက သူက အချိန်သတ်မှတ်ထားပါတယ် ။ အဲဒီအချိန်ကျော်သွားရင် အဲဒီပစ္စည်းကို စုံအောင်အလှဆင်လို့ မရတော့ပါဘူး ။ ဒီတော့ သူသတ်မှတ်ပေးထားတဲ့အချိန်အတွင်းမှာ ပစ္စည်းလှလှလေး အကုန်အစုံအောင်ပွင့်အောင် ဘယ်လိုနည်းလမ်းတွေ သုံးကြမလဲ ။ ၁)အကောင့်ခွဲတစ်ခု ဖွင့်ပါ။ မရယ်ပါနဲ့။ ပိုက်ဆံနဲ့၀ယ်တာကလွဲလို့ ပစ္စည်းဖွင့်နိုင်ဖို့ အထိရောက်ဆုံးနည်းလမ်းက ကိုယ့်ဆိုင်အတွက် အနစ်နာခံမယ့် နောက်ဆိုင်တစ်ဆိုင်ရှိဖို့ပါပဲ။ အကောင့်အသစ်ဖွင့်ရမယ်ဆိုလို့ ကြီးကြီးကျယ်ကျယ် ဘာမှလုပ်စရာလိုတာမဟုတ်ပါဘူး။ … Read entire article »

Filed under: Facebook Games, Hints & Tips