Articles Comments

MMGamers.com : The First Myanmar Online Game Magazine

MMGamers.com » DS » Super Mario 3D Land Review

Super Mario 3D Land Review


Nintendo ရဲ့ 8th generation console တစ်ခုဖြစ်တဲ့ Nintendo 3DS handheld console ဂိမ်းစက်ကို 2011 အစောပိုင်းမှာ စတင်ဖြန့်ချီကာစက ကစားလို့ကောင်းမွန်တဲ့ ဂိမ်းခွေအတော်နည်းပါးတာတွေ့ရှိရမှာပါ။ ဒါပေမဲ့လည်း 3D မျက်မှန်မလိုဘဲ ဂိမ်းတွေကို သုံးဘက်မြင် 3D graphics နှင့် ကစားနိုင်တဲ့ အချက်နဲ့တင် 3DS ကို ကစားကြည့်ဖူးသူ အတော်များများ သဘောကျခဲ့ပါတယ်။ 3DS ဂိမ်းစက်ကို စိတ်ဝင်စားပြီး ဆော့စရာဂိမ်းနည်းနေလို့ မဝယ်ဖြစ်သေးသူများ အတွက် 2011 နှစ်ကုန်ခါနီးမှာတော့ Harvest Moon 3D၊ Mario Kart 7 နှင့် Super Mario 3D Land တို့လို ကစားလို့ကောင်းမဲ့ ဂိမ်းတွေထွက်ရှိလာတာ တွေ့ရမှာပါ။

Mario ရဲ့ ဖန်တီးရှင် Shigeru Miyamoto က Super Mario 3D Land ကို 2D Mario ဂိမ်းကစားနေရသလို ခံစားရပြီး 3D gameplay  နှင့် 3D ရုပ်လုံးကြွများမြင်တွေ့ရမဲ့ Mario ဂိမ်းဖြစ်ကြောင်း ပြောကြားထားပါတယ်။ Miyamoto ပြောသလိုပါပဲ၊ Super Mario 3D Land ကို အမှတ်တမဲ့ကြည့်လိုက်မယ်ဆိုရင် Nintendo Wii မှာ ထွက်ရှိထားပြီး အလွန်ကောင်းမွန်တဲ့ Super Mario Galaxy ဂိမ်းနှစ်ခုနှင့် အတော်လေး ဆင်တူသလို ထင်ရပေမဲ့ တကယ်တန်း ကစားကြည့်တဲ့အခါ NES (Family Game) နှင့် Super Nintendo ဂိမ်းစက်တို့က Mario ဂိမ်းတွေ ကစားရတဲ့ အရသာမျိုး ဖြစ်နေတာကို တွေ့ရှိရပါတယ်။

Super Mario 3D Land ရဲ့ဇာတ်လမ်းကတော့ အရင် Mario ဂိမ်းများထုံးစ အတိုင်းပဲ မင်းသမီးလေး Peach  ကို Bowser ကြီးလက်က ကယ်တင်ရမဲ့ဇာတ်လမ်းပါ၊ ဒါပေမဲ့ ထူးခြားချက်အနေနဲ့ World တစ်ခုနှင့်တစ်ခု အကူးမှာ Princess Peach ဆီမှ 3D Postcard လေးတွေရနိုင်တဲ့အတွက် Super Mario World တုန်းက ရဲတိုက်ဖြိုတဲ့ Cutscene တွေ ကြည့်ရသလိုမျိုး World တစ်ခုနှင့် တစ်ခုကူးပြောင်းရတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ Mario ဂိမ်းတွေက အရမ်းလွယ်တယ်၊ ကလေးတွေဆော့ဖို့လုပ်ထားတာ ဆိုတဲ့ စကားတွေဟာ ပထမ Mario ဂိမ်းရဲ့ တစ်ခန်း နှစ်ခန်းလောက်ကိုပဲ ကစားဖူးသူများပြောတဲ့စကားပါ၊ Mario ဂိမ်းတိုင်းမှာ ကစားရခက်တဲ့ Level တွေ  အမြဲတမ်းပါတယ်ဆိုတာ Mario main series တစ်ခုခုကို ပြီးအောင်ကစားဖူးသူများ သိမှာပါ။ Super Mario 3D Land ဟာလည်း အရင် Mario ဂိမ်းတွေထုံးစံအတိုင်းပဲ ကစားရခက်ပြီး gamer တွေ အကြိုက်တွေ့မဲ့ အခန်းတွေ အများအပြားပါဝင်ပါတယ်။ Gameplay ပိုင်းကတော့ Nintendo 64 နှင့် Nintendo DS က Super Mario 64 နှင့် ဆင်တူပြီး  ပြေးတာ၊ ခုန်တာတွေ အပြင် လေပေါ်က အောက်ကို ဆောင့်ချလို့ရတဲ့ Stomp ability နှင့် လှိမ့်လို့ရတဲ့ Roll ability တွေပါ ပါဝင်ပါတယ်။

 

Super Mario 3D Land ရဲ့ features အများစု ကို အခြား Mario ဂိမ်းများနှင့် နှိုင်းယှဉ် ပြောဆိုနိုင်တယ် ဆိုပေမဲ့လည်း အခြား Mario ဂိမ်းတွေမှာ လုံးဝမပါဝင်ဖူး သေးတဲ့ features အသစ်တွေ ပါဝင်တာကိုလည်း တွေ့ရှိရမှာပါ။ Power-ups အနေနှင့်လည်း Fire Flower တို့ Tanooki Suit တို့အပြင် Boomerang ပစ်လို့ရတဲ့ အစွမ်းပေးမဲ့ Boomerang Flower လည်းပါဝင်ပါတယ်။ Super Mario 3D Land ရဲ့ 3D mode ဟာ အလှကြည့်ရုံသက်သက်မဟုတ်ဘဲ တစ်နေရာနှင့် တစ်နေရာ ကူးသန်းသွားလာရန်၊ Items များရှာတွေ့ရန် အသုံးပြုရမှာဖြစ်ပါတယ်။ Super Mario 3D Land ရဲ့ အခန်းတိုင်းမှာ Star Coin သုံးခုရှိပြီး Story mode level များဖွင့်ရန်ကော နောက်ပိုင်း Special World များဖွင့်ရန်ပါ လိုအပ်ပါတယ်။ Star Coin တွေရှာရမှာ တစ်ချို့တစ်ဝက်ကို အလွယ်တကူရှာဖွေနိုင်ပေမဲ့  အားလုံးရှာတွေ့ ဖို့ကတော့ တော်တော်ခေါင်းအစားခံရမှာပါ။

Super Mario 3D Land ဟာ Super Mario Galaxy Series မှ Mario game တွေလောက် အသစ်အဆန်းတွေ မပါဝင်ပေမဲ့လည်း ကောင်းမွန်တဲ့ Graphics, Gameplay နှင့် စိတ်ဝင်စားဖွယ် 3D effects များကြောင့် လူကြီးရော လူငယ်ပါ အကြိုက်တွေ့စေမဲ့ ဂိမ်းကောင်းတစ်ခုဖြစ်ပါတယ်။

 

- Nay Aung Latt (mmgamers.com)

 

Gameplay – 10

Graphics – 9.5

Sound – 9.0

Presentation – 10

 

Developer: Nintendo EAD Tokyo

Publisher: Nintendo

Genre: Platforming

Platform: Nintendo 3DS

Release Date: November 24, 2011

Related Posts via Categories

Filed under: DS

Dear Authors, if you want your posts to be published in IT-Journals . You can contact mr.wailintun1984@gmail.com or pokefreaks@gmail.com

Facebook comments:

Leave a Reply

*


*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>