MMGamers.com : The First Myanmar Online Game Magazine
MMGamers.com » Features, Preview, PS 3, Xbox 360 » NEVERDEAD
NEVERDEAD
NeverDead
RP2
ဘယ်တော့မှ မသေတဲ့သူကို မြင်ဖူးကြသလား။ လူရယ်လို့ဖြစ်လာရင်သေးမျိုးတွေချည်းပဲလို့ ရှေးလူကြီးတွေ ပြောခဲ့တာ မှတ်သားခဲ့ဖူးပေမယ့် ဒီတစ်ခါ မှာတော့ မသေတဲ့လူသားတစ်ယောက်ကို အတွေ့မှာတော့ အတော်တော်လေးကို အံ့သြမိခဲ့ပါတော့တယ်။
တခြားတော့မဟုတ်ပါဘူး။ ဂိမ်းထဲမှာကြောင့်ပါ။ ဘယ်တော့မှမသေတဲ့ ကြိမ်စာသင့်လူတစ်ယောက်ဟာ နှစ်ပေါင်း 500 လောက်ကို လောကကြီးထဲမှာ ကျင်လည်လာခဲ့ပြီး မကောင်းဆိုးဝါးကောင်တွေကို အပီနှိမ်နင်းတာကိုမြင်လိုက်ရလို့ပါ။ သူ့နာမည်က Bryce Boltzmann လို့ခေါ်တယ်။ နတ်ဆိုးကြီး ရဲ့ကြိမ်စာသင့်ပြီးတော့ အသွားစေခိုင်းခံရသူတစ်ယောက်၊သူ့မှာ မသေတဲ့ အစွမ်းရှိတယ်။ရဲရင့်တယ်။ ကြမ်းတမ်းတယ်။ အပစ်အခတ်ပက်စက်တယ်။ မကောင်းဆိုးဝါးတွေနောက်အမဲလိုက်တယ်။ လူသားစားတဲ့ မကောင်းဆိုးဝါးတွေကို သတ်ပြီးတော့ အသက်ရှင်သူတွေအနည်းစုထဲကတစ်ယောက်၊ သူဟာ မိန်းမချောလေးတစ်ယောက်နဲ့ လောကကြီးထဲမှာ မကောင်းဆိုးဝါးတွေကိုလိုက်သတ်ရမှာပါ။
သူတို့မှာသူတို့ဇာတ်လမ်းတွေရှိတယ်။ ရှည်သွားလိမ့်မယ်၊မပြောတော့ဘူး။ လိုတာကိုပဲပြောရမယ်ဆိုရင် ဒီဂိမ်းကို Rebellion လို့ခေါ်တဲ့ ဗြိတိန်ကွန်ပျူတာဂိမ်း ထုတ်လုပ်တဲ့သူတွေကနေပြီးတော့တင်ဆက်ထားတာဖြစ်တယ်။ သူတို့ဟာ ဂိမ်းတွေကိုအခုမှထုတ်တာမဟုတ်ဘူး။ ဂိမ်းကောင်းတွေဖြစ် တဲ့ Mummy / Mission Inpossible/Medal of Honnor/Smiper Elite/Call of Duty/Star War အစရှိတဲ့ဂိမ်းတွေကိုထုတ်ခဲ့တာပါ။ တိုက်ခိုက်ရေးအသားပေး ဂိမ်းတွေကို အမြဲမပြတ်ထုတ်ခဲ့ပြီးဂိမ်းလောကမှာနေရာရနေသူတွေဖြစ်လို့ ဒီဂိမ်းရဲ့ အပေါ်မှာလည်းမကောင်းနိုင် ဖူးလို့ဆိုတာတွေ ကို သံသယ၀င်နေစရာမလိုလောက်တော့ပါဘူး။
အကောင်းဆုံးတွေကြားထဲမှာ ရပ်တည်ဖို့ဆိုရင် အကောင်းတွေကို ကောင်းအောင်လို့လုပ်နိုင်ပါမှတော်ကာ ကျမှပါ။ ဒါတွေကြောင့်လည်း အရုပ်တွေရော အသံတွေပါ သေသေသပ်သပ်လေးကိုလုပ်လာနိုင်တယ်။ ပြီးတော့ လည်း နောက်ခံအရောင်တွေနဲ့လှုပ်ရှားမှုတွေကိုပါ Konami လို ၀ါရင့် ဂိမ်းထုတ် လုပ်သူတွေနဲ့ပေါင်းထားလို့ ပိုလို့တောင်မှအထင်ကြီးစရာဖြစ်လာရပါတယ်။ Konami ဆိုတာဟာ မကောင်းရင်ဘာကိုမှလုပ်လေ့မရှိတဲ့ သူတွေဆိုတော့ သူတို့တွေထုတ်လုပ်မယ့် ဒီဂိမ်းဟာ အသွင်ရော အမြင်ပါကောင်းနေမှာသေချာသွားပါပြီ။
သေနတ် 2 လက်နဲ့ မကောင်းဆိုးဝါးသတ်သူကို တော့ ဂိမ်းကစားသူတွေကထိန်းချုပ်ရမှာပါ။ Knights Contract လိုတော့ ဆင်ကောင်းဆင်နိုင်ပေမယ့်လည်း NeverDead ကတော့ အရသာအသစ်လေးတွေကို ပေးစွမ်းနိုင်မှာပါ။ အဓိကဇာတ်ကောင် ဖြစ်တဲ့ Bryce Boltzmann ဟာ ခြေတွေ လက်တွေ ပြတ်သွားတာတောင်မှ ရန်သူတွေကိုသတ်နိုင်တာဟာ ဆန်းနေပြီးတော့ မဖြစ်နိုင်တာတွေလို့တွေးနိုင်ပေမယ့် ဘယ်တော့မှမသေသူ အတွက်တော့ မဆန်းနိုင်ပါဘူး။ ဒါဟာ ဂိမ်းပါ ။ လောက အတုပါ။ အစစ်အမှန်တွေလိုတော့ ဘယ်လိုဖြစ်မှာလဲ ၊ချွင်းချက်အနေနဲ့တော့ လက်ခံပေးထားနိုင်ပါမှ အဆင်ပြေမှာပါ။ ဒီလိုမှမဟုတ်ရင်တော့ ဖီးလ်ကွေးသွားနိုင်ပါတယ်။ ဆရာကြီးတွေလည်း များတယ်။
ဘယ်လိုပဲဖြစ်ဖြစ်ပါ။ စိတ်ဝင်စားစရာကောင်းမယ့် အရာတွေကိုပေါင်းစပ်ပေးထားတဲ့အတွက်ကြောင့် ဇာတ်လမ်းကောင်းဂိမ်းတစ်ခုကိုတော့ ကစားရတော့မှာပါ။ အရွယ်မရွေးကစားနိုင်အောင်လုပ်ထားရတာကြောင့်လည်း ဖြစ်နိုင်တယ်။ နည်းနည်းလေးခေါင်းသုံးရမှာတွေလည်း ပါဝင်နိုင်တယ်။ တခြားတော့မဟုတ်ဘူး။ လမ်းမှာတိုက်ခိုက်ရင်းနဲ့ ရန်သူတွေများလာတဲ့အခါမှာ ကိုယ့်ကိုယ်ကို စတေးပြီးတော့ တိုက်ခိုက်ရင်းထိခိုက်ပြတ်ရှသွားတဲ့ လက်တစ်ဘက်ကို မကောင်းဆိုး ၀ါးတွေကိုပစ်ကျွေးပြီးတော့လွတ်လမ်းရှာရတာတွေပါပဲ။ တစ်ကိုယ်လုံးကို အပိုင်းပိုင်းပြတ်သွားတဲ့အထိတောင့်ခံနိုင်ပေမယ့် သွား လို့လာ လို့မရတဲ့ အနေအထားမှာတော့ အရှုံးဆိုတာတွေနဲ့ရင်ဆိုင်ရနိုင်တာတော့သတိထားရပါလိမ့်မယ်။ ခွေးနဲ့တူတဲ့အကောင်တွေကို သေနတ်နဲ့ ဒါမှမဟုတ်ဓားနဲ့ခုတ် သတ်နိုင်သလောက် သတ်ကြည့်ပေါ့။ Devil May Cry လို မဟုတ်တာတော့သေချာတယ်။
ပါတနာ ကောင်မလေးနဲ့အတူဇာတ်လမ်းသွားကိုကစားရဖို့ရှိနေတဲ့ ဒီဂိမ်းလေးကိုတော့ ဒီလအကုန်မှာစပြီးတော့ဖြန့်ချိ ပါလိမ့် မယ်။ နေရာအနှံ့မှာကစား ဖို့ကိုလည်း လုပ်ပေးတော့မှာပါ။ Genre ကတော့ Action အမျိုးအစားလေးပေါ့ ၊ Multi မရနိုင်ပါဘူး၊ှSingle ပါပဲ ။ ခက်တာတစ်ခုကတော့ ဒီဂိမ်းထုတ်ထားတာဟာ Pc အတွက်မပါတာပဲ။ သူတို့တွေက ဒီဂိမ်းလေးကို PS 3 /XBOX 360 အတွက်ပဲ ထုတ်ထားတာပါ။ ဒါတွေကြောင့် လည်း ရောင်းအားအရတော့ လိုတာထက်ပိုပြီးတော့ ဈေးကွက်ထဲမှာ ရောင်းလို့တွင်ပါ့မလားဆိုတာစိတ်ဝင်စားစရာပဲ။
RP2
NEVERDEAD
| Developer(s) | Rebellion Developments |
| Publisher(s) | Konami |
| Director(s) | Shinta Nojiri |
| Platform(s) | PlayStation 3 Xbox 360 |
| Release date(s) | |
| Genre(s) | Action |
| Mode(s) | Single-player |
Related Posts via Categories
Dear Authors, if you want your posts to be published in IT-Journals . You can contact mr.wailintun1984@gmail.com or pokefreaks@gmail.com















Facebook comments: