Articles Comments

MMGamers.com : The First Myanmar Online Game Magazine

MMGamers.com » Features, News, PC, Preview, PS 3, Xbox 360 » Hitman: Absolution

Hitman: Absolution


Hitman: Absolution

RP2


ဒီဂိမ်းလေးကိုတော့ အားလုံးသိကြမှာပါ။ ဂိမ်းအသွင်ကနေပြီးတော့ ရုပ်ရှင်လည်းပဲ တစ်ကားထွက် ခဲ့ပြီးပြီ။ မကောင်းမှုကိုလုပ်ပေမယ့်လည်း ဒီဂိမ်းထဲက ဇာတ်ကောင် ကတော့ လေ့ကျင့်ပေးထားတဲ့ အတိုင်း အမိန့်တစ်ခုရဲ့အောက်မှာ အသားတကျမရှိပဲ သနားတတ်တဲ့စိတ်၊ စာနာတတ်တဲ့စိတ်တွေ ကြားမှာ အသိတရားပြန်လည်နေတဲ့ ကြေးစားလူသတ်သမား တစ်ယောက်ပေါ့။

ခေါင်းတုံးထားပြီး နောက်စေ့မှာဘားကုတ်ရေးထားတဲ့သူ၊အမြဲသွေးအေးတယ်။ဒဏ်ရာရရင်တောင် ဂရုမစိုက်တတ်သူပါ။ အနောက်တိုင်း ၀တ်စုံကို သေသေ သပ်သပ်ဝတ်ပြီးတော့ မျက်နှာထားတည်တည်ထားတတ်သူ ကတော့ ဟစ်မန်းပါပဲ။ သူက လူသတ်သမားတစ်ယောက်။ ဘ၀မရှိဘူး။ ခိုင်းတာကိုပဲလုပ်တယ်။ အပိုအလိုမရှိ၊ ဘ၀မှာသေဖို့စောင့်နေတဲ့သူ။ သူမသတ်ရင် ၊ကိုယ်ကသတ်မှာ။ ကစားပွဲမဟုတ်ဘူး။ ကြေားစားက ကြေးစားပါပဲ။ ဘ၀တွေကို အဆုံးသတ်ပေးနေရတဲ့ အေးဂျင့် 47ပါ။ သွေးအေးတယ်။ ရက်စက်တယ်။အမှားမခံဘူး။ အမြဲတမ်းလိုက်တမ်းပြေးတမ်းကစားတယ်။ ပါးနပ်တယ်။ လူသတ်ဖို့ ဆိုတာသူ့အတွက်တော့ ထမင်းစားရေသောက်ပဲ။ စတီးကြိုးမျှင်လေးနဲ့ သတ်ရတာကို အများဆုံးအသုံးပြုသူပေါ့။ ပြီးတော့ သေနတ် 2လက်နဲ့လည်း အပြင်း ထန်ဆုံးတိုက်ပွဲတွေကို တိုက်တတ်သေးတဲ့သူ။ အမှောင်ကိုအား ကိုးပြီးတော့လည်း သူက တစ်ဘက်သားကို မျက်လှည့်ပြတတ်တဲ့သူ။ အသွင်ပြောင်းအောင် လို့လည်း ၀တ်စုံတွေကို ရန်သူတွေကိုသတ်ပြီးတော့ ပုံမှားရိုက်တတ်သူက အေးဂျင့် 47ပါ။

ဒီတစ်ခါမှာလည်း ကောင်မလေးတစ်ယောက်ပါလာပါလိမ့်ဦးမယ်။ အရင်ထွက်ခဲ့ ဂိမ်းတွေလိုပဲ စိတ်ဝင်စားမှုများစွာနဲ့ကို ကစားလို့ကောင်းနေမှာပါ။ ဒီဂိမ်းဟာ ဇာတ်လမ်းစပြီးဖွင့်လိုက်တည်းက ရဲတွေလက်ထဲကနေလွတ်မြောက်အောင်လို့လုပ်ရမှာဖြစ်နေတယ်။ တိတ်တဆိတ်နဲ့ ရဲတွေမမြင်အောင်လို့သွားလာရင်း သတ်ရမယ့်အချိန်မှာလဲ ဘယ်သူမှမသိအောင်လို့ သတ်ဖြတ်ပြီး အယောင်ဆောင်တွေလုပ်ရင် တိုက်ခန်းထဲကနေပြီးတော့ လွတ်အအောင်လုပ်ရမှာပါ။ အဲ့သလိုလွတ်မြောက်အောင် လုပ်နေရင်းနဲ့ လမ်းမှာ အမုန်းပစ်ခံရတာတွေကိုလည်း အသည်းတယား ယားနဲ့ အေးဂျင့်47 တစ်ယောက် ထွက်ပြေးရတာတွေ လည်းမြင်ရပါလိမ့်ဦးမယ်။

လုံးဝကို ရုပ်ရှင်ဆန်လာပါတယ်။ ပတ်ဝန်းကျင်လည်း တော်တော်လေးကို လန်းလာတယ်။ ရဲအယောင် ဆောင်ပြီးတော့ ရုပ်ဖျက်သွားလာတာတောင် မသင်္ကာရင် အဖမ်းခံရတာတွေကအစအပြင်ကနဲ့ တူအောင်လို့လုပ်ပေးထားတယ်။ နီးစပ်ရာ ပစ္စည်းတွေနဲ့လည်း လူတွေကိုသတ်လို့ရတယ်။ ဥပမာ မီးအိမ် တို့၊ ကျောက်ရုပ်တို့ လို အရာတွေနဲ့ပေါ့။ ပြီးတော့ ပေါက်ဆိန်လိုအရာတွေလိုပေါ့။ အဆင်ပြေရင်ပြေသလိုကြိုက်တာလုပ်ခွင့်တွေပိုလာမယ့်ပုံမျိုးပါ။

အရင်လိုပါပဲ။ အေးဂျင့်အတွက် အသက်တန်းလေးပါမယ်။မြေပုံပါမယ်။ ရန်သူတွေနီးလာရင် အချက်ပေးမယ့် အရာတွေပါလာမယ်။ ပြီးတော့ နံရံခြားနေရင် တစ်ဘက်မှာ ဘာတွေရှိလဲဆိုတာတွေကိုပါ ကြည့်လို့ရလာမယ်။ ခေါင်းသုံးကစားရမှာတွေလည်းပိုလာမယ်။ အရင်ဂိမ်းတွေလို မူးနောက်နေတာမျိုးတွေတော့ မရှိတော့ဘူး။ ကြည့်ရတာတွေ၊သွားရတာတွေလည်းတော် တော်လေးကိုမိုက်လာပါတယ်။ ပြီးတော့ ရဲတွေအပြင် တစ်ခြား ပြန်ပေးဆွဲတဲ့လူတွေလက်ထဲကနေ လူကယ်ရတာတွေလည်းပါလာပါတယ်။ မျက်နှာဖုံးစွပ်နဲ့ ပြန်ပေးသမားတွေကို သတ်ရမှာဖြစ်နေတယ်။ ဇာတ်လမ်းကလည်းမဆိုးပါဘူး။ကောင်းပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒီဂိမ်းကိုထုတ်လုပ်တဲ့သူတွေကြောင့်ဖြစ်ပါတယ်။

ဂိမ်းကောင်းတွေကို တော်တော်လေးထုတ်လာနိုင်ပြီးတော့ လူကြိုက်များအောင်ပါလုပ်နေတဲ့ Square Enix  ကတော့ ထုံးစံအတိုင်း DEUS EX :3 ကိုထုတ်လိုက်ပြီးတဲ့နောက်မှာတော့ ငြိမ်နေခဲ့တယ်။ နောက်ထပ်ခြေလှမ်းတွေလှမ်းဖို့အတွက် တိတ်တိတ်လေးမနေပဲ အရင်တည်းက ပြောခဲ့တဲ့အတိုင်း အခု ဟစ်မန်း အသစ်ကို ထုတ်ဖို့လုပ်လိုက်တယ်လို့ဆိုရပါလိမ့်မယ်။

ဂိမ်းအမျိုးအစားကတော့ လူသူမသိအောင်လို့တိတ်တိတ်ဆိတ်ဆိတ်လေးသွားရလာရမယ့် Stealth လိုဂိမ်းမျိုးပါ။ ဒါမျိုးဂိမ်းတွေကို အကြိုက်ထုတ်နေတဲ့သူတွေကတော့ Square Enix  နဲ့ IO Interactive တို့ပါပဲ။ ထုတ်လိုက်သမျှဂိမ်းတွေလည်းတော်တော်လေးမိုက်တယ်။ ကျွန်တော်တောင်မှ နောက်ပိုင်းမှာ Square Enix   ကထုတ်တာလေးတွေကို တမင်လိုက်ရှာကစားနေဖြစ်တယ်။ ရုပ်ထွက်တွေကတော့ အရင်နှစ်တွေလိုမျိုး မဟုတ်တော့ဘူး။ တိုးတက်လာတယ်။ Square Enix  အဖွဲ့ ကအခြားလိုမဟုတ်ဘူး။ ကျစ်ကျစ်လျစ်လျစ်ရှိတယ်။ လူပေါင်း 30 ကျော်လောက်နဲ့ ဂိမ်းတွေကိုဖန်တီး နေကြတာပါ။ ပလန်တွေကလည်း အများကြီးရယ်။ အားကျဖို့ကောင်းတယ်။

ပြီးတော့လည်း သူတို့တွေအနေနဲ့ ဂိမ်းတွေကိုထုတ်နေတာတောင်မှ အကြိုးအမြတ်ထက် အနာဂတ်ရေးရာ အောင်မြင်ဖို့ကို ဦးစားပေးတဲ့ပု့စံမျိုးပါ။ ဒါတွေကြောင့်လည်း ဂိမ်းတွေတော်တော်များ များမှာ အနာဂတ်နဲ့ပတ်သက်တာတွေကို လိုတာထက်ပိုပြီးတော့ကို ပါဝင်နေကြတာဖြစ်တယ်။ အခုဂိမ်းထဲမှာလဲ မထင်မှတ်တဲ့ အလှည့်အပြောင်းတွေအများကြီးပါလာလိမ့်မယ်။ လွတ်မြောက်ဖို့အတွက်ဆိုရင် လူတစ်ယောက်ဟာ ဘယ်လိုကျင့်ကြံပြီးတော့ ဘာတွေကို စတေးကြ သလဲဆိုတာတွေကိုမြင်နိုင်တယ်။ ဒီဂိမ်းကို 2012 မှာထုတ်မယ်။ ထွက်မယ့်ရက်တော့မသေချာ သေးဘူး။ အသိပေးလာတာတွေကိုနောက်ပိုင်းမှာ အသေးစိတ်ထပ်လုပ်မယ်လို့တော့ သက်ဆိုင်ရာကနေ ပြီးတော့ပြောထားတာတွေပဲရှိသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခုဟာက လိုတာထက် ပိုကောင်းနေတဲ့ဂိမ်းဖြစ်နေသလို Platform အရလည်း PC /XBOX နဲ့ PS 3 တို့မှာကစားနိုင်အောင်လို့စီမံထားတာကြောင့် အားပေးမယ့် သူတွေလည်း အကြိုက်ရွေးချယ်နိုင်မှာဖြစ်နေပါတော့တယ်။

RP2

 

 Hitman: Absolution

Developer(s) IO Interactive
Publisher(s) Square Enix
Series Hitman
Engine Glacier 2
Platform(s) Microsoft Windows
PlayStation 3
Xbox 360
Release date(s) TBA 2012
Genre(s) Stealth
Mode(s) Single-player

Related Posts via Categories

Written by

Filed under: Features, News, PC, Preview, PS 3, Xbox 360

Dear Authors, if you want your posts to be published in IT-Journals . You can contact mr.wailintun1984@gmail.com or pokefreaks@gmail.com

Facebook comments:

Leave a Reply

*


*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>