Articles Comments

MMGamers.com : The First Myanmar Online Game Magazine

MMGamers.com » Featured, Mobile Games, News » Chaos Ring

Chaos Ring


RPG Game ကြိုက်တဲ့ သူတွေကတော့ square-enix ကို သိကြမှာပါ။ square-enix က Final Fantasy Series ကို ထုတ်နေတဲ့ publisher ပါ။ Chaos Ring ကလည်း square-enix က ထုတ်လိုက်တဲ့ Game ပါပဲ။ သူက iPhone , iPad Game ပေါ့။ iPhone, iPod တို့ထက်စာရင် iPad မှာ ကစားရင် ပိုကောင်းမယ့် Game မျိုးပါ။ Game က 3D render game ဖြစ်တဲ့အတွက် iPad အတွက်ကော အဆင်ပြေပါတယ်။ Game စထွက်တုန်းက $16 လောက်ပေးရပေမယ့် အခုတော့ $9.99 ပဲပေးရတော့ပါတယ်။ Game ရဲ့ ဇာတ်လမ်းကလည်း မဆိုးဘူးလို့ ဆိုလို့ရပါတယ်။ ပထမဆုံး Game ကစားတဲ့အခါမှာ မိမိ စိတ်ကြိုက် စုံတွဲ ကို ရွေးရပါတယ်။ ဇာတ်လမ်းအစမှာ Agent ဆိုတဲ့ စက်ရုပ်ကြီးက စုံတွဲ ၅ တွဲကို ခေါ်လိုက်ပြီး စုံတွဲ ၅ တွဲက ဘယ်လိုလုပ် ရောက်လာမှန်းမသိ ရောက်လာတာကနေ စပါတယ်။ စုံတွဲ ၅ တွဲ မှာ ပထမဆုံး အတွဲကတော့ Agent ကို ပြန်တိုက်လို့ သေသွားတယ်။ အဲဒီနောက် ကျန်တဲ့ စုံတွဲတွေက အချင်းချင်း တိုက်ရမှာ ဖြစ်ပြီး နောက်ဆုံး စုံတွဲ ၁ တွဲ သာ ကျန်ရစ်ရမယ်။ အဲဒီကနေ ဇာတ်လမ်း စပါတယ်။

မတိုက်ခင်မှာ Ring တွေကို စုရတယ်။ Ring တွေကို စုဖို့အတွက် ထုံးစံ အတိုင်း အပြင်ထွက်ပြီး Map နဲ့ သွားရတာပါပဲ။ အချို့ အခန်းတွေက Puzzle တွေ ပါပါတယ်။ Puzzle တွေက အကြိမ် အရေအတွက်နဲ့ ရွှေ့ရတာတွေပါ။ မှားသွားရင်လည်း undo ပြန်လုပ်လို့မရပေမယ့် အစအဆုံး retry တော့ ပြန်လုပ်လို့ရပါတယ်။ Puzzle တွေက မခက်ပါဘူး။ အရမ်းလွယ်ပါတယ်။ Prince Of Persia က Puzzle တွေနဲ့ ယှဉ်လိုက်ရင် တော်တော်လွယ်ပါတယ်။ တိုက်ခိုက်ဖို့ကတော့ လူတွေ အများကြီး မရပါဘူး။ စုံတွဲ ဖြစ်တဲ့ ၂ ယောက်တည်းကပဲ ရန်သူ တွေကို တိုက်ခိုက်ခွင့်ရပါတယ်။ RPG game တွေ ထုံးစံအတိုင်း Round Base ပါ။ သို့ပေမယ့် ဘယ်အကောင်ကို ဘယ် Genes နဲ့ တိုက်ရမလဲဆိုတာ သိရင် တိုက်ရတာ အရမ်းလွယ်ပါတယ်။ Power တွေက အများကြီးမပါပေမယ့် Power မမျှတဲ့အခါ သို့မဟုတ် သူ့ကိုတိုက်ဖို့ Genes မရှိတဲ့အခါ ။ နောက်ပြီး MP တွေ ကုန်သွားတဲ့အခါမှာ တိုက်ရတာ ခေါင်းတော့ နည်းနည်းစားမယ်။ အချို့ ခေါင်းဆောင်တွေက သာမာန် Attack နဲ့ သိပ်မထိရောက်တဲ့အတွက် တိုက်တဲ့အခါမှာ တစ်ယောက်ကို သွေးဖြည့်ပြီး တစ်ယောက်က တိုက်ရတာတွေ ရှိသလို အချို့ ခေါင်းဆောင်တွေက အတူတူ Pair Attack နဲ့ တိုက်မှ သွေးမြန်မြန် ကုန်တာတွေလည်း ရှိတတ်တယ်။

မြေပုံသွားရင် အခန်း တစ်ခန်းနဲ့ တစ်ခန်း အကူးကို Crystal နဲ့ ကူးပြီး သွားတယ်။ Touch ဖြစ်ပြီး Character ရွေ့ရတာကလည်း အရမ်းကောင်းမွန်ပြီး Smooth ဖြစ်တယ်။ RPG Game တွေရဲ့ ပုံစံအတိုင်း ပိုက်ဆံ Store ကနေ လက်နက်တွေ armor တွေ ဝယ်ရတာတွေ ရှိတယ်။ သွေးဖြည့်ဖို့ Item တွေ နောက်ပြီး အဆိပ်ဖြေဖို့ ဖြေဆေးဝယ်ရတာတွေ ရှိတယ်။ မလိုအပ်တဲ့ ဓား နဲ့ armor တွေကို ပြန်ရောင်းလို့ရတယ်။ Luck ကောင်းအောင်လည်း လက်စွပ် ကို ဝယ်ဖို့လိုပါသေးတယ်။ Puzzle ပြီးသွားရင်ပဲ ဖြစ်ဖြစ် သာမာန် အကောင်ငယ်လေးတွေကို တိုက်ပြီးသွားရင်ပဲ ဖြစ်ဖြစ် ပိုက်ဆံ ရပါတယ်။ ပိုက်ဆံအတွက်ကတော့ ပူစရာမလိုဘူးဆိုတာ ဒီ Game ကို ပြောတာဖြစ်မယ်လို့ တောင် ပြောလို့ရတယ်။

မကောင်းတဲ့အချက်ကတော့ သာမာန် အကောင်လေးတွေနဲ့ တိုက်တာက Map အပေါ်မှာ သွားနေရင်း အလိုလိုနေရင်း တိုက်တာ ဖြစ်သွားတာ။ တိုက်မလား မတိုက်ဘူးလား ရွေးချယ်လို့ မရဘူး။ ဘယ်နေရာမှာ ဘာအကောင်နဲ့ တိုက်ရမလဲဆိုတာကိုလဲ ရွေးချယ်လို့ မရဘူး။ တစ်ခါတစ်လေ တစ်ပွဲပြီးလို့ နည်းနည်း လမ်းလျှောက်ရသေးတယ်။ နောက်တစ်ပွဲ ထပ်တွေ့ပြန်။ ၂ ခေါက်လောက်က ပြဿနာ မဟုတ်ပေမယ့် ၃ ခေါက်လောက်ဆိုတော့ နည်းနည်း စိတ်တိုရလိမ့်မယ်။ ဇာတ်လမ်းကစားရမှာ ချနေရမလား ဆိုပြီးတော့တောင် ဖြစ်ရတယ်။ ဇာတ်သိမ်းလေးကလည်း ကောင်းပါတယ်။ ဇာတ်လမ်းလေးလည်း ကောင်းတယ်။ တိုက်ရတဲ့အခန်းတွေကတော့ ခေါင်းဆောင်တွေနဲ့ တိုက်တာ သို့မဟုတ် အခြား စုံတွဲနဲ့ တိုက်ရတာကလွဲပြီး သေးသေးလေးတွေနဲ့ တိုက်ရတာ ပျင်းဖို့ ကောင်းတယ်။ အရမ်းလည်း လွယ်တယ်။

အချို့ တိုက်တဲ့နေရာတွေမှာ Attach လုပ်လို့ရတဲ့ ၃ မျိုး၇ှိတယ်။ မီး ၊ ရေ ၊ လေ ဆိုတဲ့ ၃ မျိုးပါ။ ရန်သူက လေ attach ဖြစ်နေရင် မီးနဲ့ တိုက်ရင် ပိုပြင်းပါတယ်။ အဲဒီအခါ မီး attach ဖြစ်သွားပါတယ်။ အဲဒီအခါ ရေ နဲ့ တိုက်ရင် ပိုပြင်းတယ်။ ရေကို လေနဲ့ တိုက်ရင် ပိုပြင်းတယ်။ ရေ ကို မီးနဲ့ တိုက်ရင်တော့ ပုံမှန်ထက် တစ်ဝက်လောက်သာ ထိပါလိမ့်မယ်။ အဲလိုပဲ လေ ကို ရေနဲ့ တိုက်ရင်လည်း အတူတူပါပဲ။ အဲလို မျိုး Strategy တွေ ထည့်သွင်းထားပေမယ့် အကောင်ငယ်လေးတွေ အတွက်သာ အသုံးဝင်ပါတယ်။ ခေါင်းဆောင်နဲ့ တိုက်တဲ့အခါ Pari Attack သို့မဟုတ် ခေါင်းဆောင်ရဲ့ ပေါ့ကွက် တစ်ခုခုနဲ့ တိုက်မှ ဖြစ်မှာပါ။ အချို့ ခေါင်းဆောင်တွေက ရေ နဲ့ တိုက်ရင် ပိုပြီး သွေးလျော့တဲ့အခါ Pair attack ကို သုံးပြီး ရေ magic ကို သုံးပြီး တိုက်ရတာတွေ ရှိပါတယ်။ Magic သုံးတိုင်း MP လျော့ပါတယ်။ Magic နဲ့ အသက်ပြန်ဖြည့်လို့ရသလို Item တွေနဲ့ အသက်ပြန်ဖြည့်လို့ရတယ်။ Item တွေနဲ့လည်း တိုက်လို့ရပါတယ်။ Item နဲ့ တိုက်တဲ့အခါမှာ MP မကုန်ပါ။ Item သာ လျော့သွားတာပါ။ Item တွေက လမ်းသွားရင်း ရနိုင်သလို ဝယ်လို့လည်း ရတယ်။ အကောင်သေးသေးလေးတွေ တိုက်ပြီးတိုင်းလည်း ရနိုင်ပါတယ်။ Item ကုန်မှာတော့ ပူစရာမလိုပါ။ ထပ်ဝယ်လို့ရပါတယ်။

Game တစ်ခုလုံးက ခြုံပြီးကြည့်ရင် ကစားလို့ ကောင်းတဲ့ Game တစ်ခုပါ။ iPad ပိုင်ရှင်တွေအနေနဲ့ ကစားသင့်တဲ့ Game တစ်ခုပါ။ ဇာတ်လမ်းက သိပ်မကြာပါ။ ၈ နာရီ လောက်နဲ့ အစအဆုံး ပြီးပါတယ်။

Related Posts via Categories

Written by

iPad game သာ ဆော့နိုင်သူ။ Console Game ဆော့ဖို့ TV တောင် မရှိတဲ့ သူတစ်ယောက်။

Filed under: Featured, Mobile Games, News · Tags: , , ,

Dear Authors, if you want your posts to be published in IT-Journals . You can contact mr.wailintun1984@gmail.com or pokefreaks@gmail.com

Facebook comments:

9 Responses to "Chaos Ring"

  1. Wayne says:

    yo! yo!
    ko saturn welcome
    or luffytan?
    :D

    Like or Dislike: Thumb up 0 Thumb down 0

  2. Great review, Saturn… Keep it up…. ;)

    Random enemy encounters on the map is a typical style of most of the RPGs. (That’s what I ♥ about EarthBound and Grandia ^_^)
    But game play 8 hr is comparatively too short for a RPG…. >_<

    Like or Dislike: Thumb up 0 Thumb down 0

    1. saturngod says:

      yes. I finished in 2 Days. It’s too short for me. But the story is not finished and it will release version 2.

      Like or Dislike: Thumb up 0 Thumb down 0

      1. neo goddard says:

        finished means all characters’ story lines and won the final boss?
        well… i am a fan of Square games so i played it
        the key in this game is recognizing “blow out” kills i.e. some monsters can be killed straight away with just one blow using their weakness which is often shown by “scan”
        the grinding part in the game is boring enough though…

        Like or Dislike: Thumb up 0 Thumb down 0

        1. saturngod says:

          I only play Escher story line. I won final boss. It’s not too hard. Puzzle are easy , too.

          Like or Dislike: Thumb up 0 Thumb down 0

  3. Wayne says:

    I <3 earthbound coolest RPG ever!

    Like or Dislike: Thumb up 0 Thumb down 0

  4. neo goddard says:

    Upon finishing both Escher and Zhamo story lines, Ayuta and Olgar become playable and Qualia can be fought.

    Like or Dislike: Thumb up 0 Thumb down 0

  5. Mickey says:

    Guide for Choas Ring

    Esher and Musiea
    Agent နဲ့တိုက်ခိုက်ပြီး Original Door ကိုခေါ်သွားပါလိမ့်မယ်။
    save မှတ်ခိုင်းပါလိမ့်မယ်။
    ပြီးရင်တော့ load ပြန်ခေါ်လိုက်ပါ။ ပြီးရင်တော့ Door ကိုသွားမယ်ဆိုရင် Stage တိုင်းမှာ Star 2 လုံးစီကိုတွေ့ ရမှာပါ။
    Star 4လုံးစီပြည့်အောင် stage တိုင်းရဲ့Bossတွေကို Defeat ရပါမယ်။
    Original Door အပြင် နောက် stage တစ်ခုကိုတွေ့ ရပါလိမ့်မယ်။
    Eluca and Zhamo
    Olgar and —-
    Ayuta and Shera
    ဇာတ်လမ်း ၄ခုလုံးကိုဆော့ပြီးပြီဆိုရင်တော့ Final Battle ကို ဆော့လို့ ရပါပြီ။
    Final Battle ပြီးသွားရင်တောင် ပစဿစည်းရောင်းပေးတဲ့ Piu Piu နဲ့ တိုက်ခိုက်ပြီး
    Special item တစ်ခုကို ရနိုင်ပါတယ်။

    Like or Dislike: Thumb up 0 Thumb down 0

  6. Jak says:

    Love this game a lot~ :D

    Like or Dislike: Thumb up 0 Thumb down 0

Leave a Reply

*


*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>