MMGamers.com » Archive
Hitman: Absolution
Hitman: Absolution RP2 ဒီဂိမ်းလေးကိုတော့ အားလုံးသိကြမှာပါ။ ဂိမ်းအသွင်ကနေပြီးတော့ ရုပ်ရှင်လည်းပဲ တစ်ကားထွက် ခဲ့ပြီးပြီ။ မကောင်းမှုကိုလုပ်ပေမယ့်လည်း ဒီဂိမ်းထဲက ဇာတ်ကောင် ကတော့ လေ့ကျင့်ပေးထားတဲ့ အတိုင်း အမိန့်တစ်ခုရဲ့အောက်မှာ အသားတကျမရှိပဲ သနားတတ်တဲ့စိတ်၊ စာနာတတ်တဲ့စိတ်တွေ ကြားမှာ အသိတရားပြန်လည်နေတဲ့ ကြေးစားလူသတ်သမား တစ်ယောက်ပေါ့။ ခေါင်းတုံးထားပြီး နောက်စေ့မှာဘားကုတ်ရေးထားတဲ့သူ၊အမြဲသွေးအေးတယ်။ဒဏ်ရာရရင်တောင် ဂရုမစိုက်တတ်သူပါ။ အနောက်တိုင်း ၀တ်စုံကို သေသေ သပ်သပ်ဝတ်ပြီးတော့ မျက်နှာထားတည်တည်ထားတတ်သူ ကတော့ ဟစ်မန်းပါပဲ။ သူက လူသတ်သမားတစ်ယောက်။ ဘ၀မရှိဘူး။ ခိုင်းတာကိုပဲလုပ်တယ်။ အပိုအလိုမရှိ၊ ဘ၀မှာသေဖို့စောင့်နေတဲ့သူ။ သူမသတ်ရင် ၊ကိုယ်ကသတ်မှာ။ ကစားပွဲမဟုတ်ဘူး။ ကြေားစားက ကြေးစားပါပဲ။ ဘ၀တွေကို အဆုံးသတ်ပေးနေရတဲ့ အေးဂျင့် 47ပါ။ သွေးအေးတယ်။ ရက်စက်တယ်။အမှားမခံဘူး။ အမြဲတမ်းလိုက်တမ်းပြေးတမ်းကစားတယ်။ ပါးနပ်တယ်။ လူသတ်ဖို့ ဆိုတာသူ့အတွက်တော့ ထမင်းစားရေသောက်ပဲ။ စတီးကြိုးမျှင်လေးနဲ့ သတ်ရတာကို အများဆုံးအသုံးပြုသူပေါ့။ ပြီးတော့ သေနတ် 2လက်နဲ့လည်း အပြင်း ထန်ဆုံးတိုက်ပွဲတွေကို တိုက်တတ်သေးတဲ့သူ။ အမှောင်ကိုအား ကိုးပြီးတော့လည်း သူက တစ်ဘက်သားကို မျက်လှည့်ပြတတ်တဲ့သူ။ အသွင်ပြောင်းအောင် လို့လည်း ၀တ်စုံတွေကို ရန်သူတွေကိုသတ်ပြီးတော့ ပုံမှားရိုက်တတ်သူက အေးဂျင့် 47ပါ။ ဒီတစ်ခါမှာလည်း ကောင်မလေးတစ်ယောက်ပါလာပါလိမ့်ဦးမယ်။ … Read entire article »
NEVERDEAD
NeverDead RP2 ဘယ်တော့မှ မသေတဲ့သူကို မြင်ဖူးကြသလား။ လူရယ်လို့ဖြစ်လာရင်သေးမျိုးတွေချည်းပဲလို့ ရှေးလူကြီးတွေ ပြောခဲ့တာ မှတ်သားခဲ့ဖူးပေမယ့် ဒီတစ်ခါ မှာတော့ မသေတဲ့လူသားတစ်ယောက်ကို အတွေ့မှာတော့ အတော်တော်လေးကို အံ့သြမိခဲ့ပါတော့တယ်။ တခြားတော့မဟုတ်ပါဘူး။ ဂိမ်းထဲမှာကြောင့်ပါ။ ဘယ်တော့မှမသေတဲ့ ကြိမ်စာသင့်လူတစ်ယောက်ဟာ နှစ်ပေါင်း 500 လောက်ကို လောကကြီးထဲမှာ ကျင်လည်လာခဲ့ပြီး မကောင်းဆိုးဝါးကောင်တွေကို အပီနှိမ်နင်းတာကိုမြင်လိုက်ရလို့ပါ။ သူ့နာမည်က Bryce Boltzmann လို့ခေါ်တယ်။ နတ်ဆိုးကြီး ရဲ့ကြိမ်စာသင့်ပြီးတော့ အသွားစေခိုင်းခံရသူတစ်ယောက်၊သူ့မှာ မသေတဲ့ အစွမ်းရှိတယ်။ရဲရင့်တယ်။ ကြမ်းတမ်းတယ်။ အပစ်အခတ်ပက်စက်တယ်။ မကောင်းဆိုးဝါးတွေနောက်အမဲလိုက်တယ်။ လူသားစားတဲ့ မကောင်းဆိုးဝါးတွေကို သတ်ပြီးတော့ အသက်ရှင်သူတွေအနည်းစုထဲကတစ်ယောက်၊ သူဟာ မိန်းမချောလေးတစ်ယောက်နဲ့ လောကကြီးထဲမှာ မကောင်းဆိုးဝါးတွေကိုလိုက်သတ်ရမှာပါ။ သူတို့မှာသူတို့ဇာတ်လမ်းတွေရှိတယ်။ ရှည်သွားလိမ့်မယ်၊မပြောတော့ဘူး။ လိုတာကိုပဲပြောရမယ်ဆိုရင် ဒီဂိမ်းကို Rebellion လို့ခေါ်တဲ့ ဗြိတိန်ကွန်ပျူတာဂိမ်း ထုတ်လုပ်တဲ့သူတွေကနေပြီးတော့တင်ဆက်ထားတာဖြစ်တယ်။ သူတို့ဟာ ဂိမ်းတွေကိုအခုမှထုတ်တာမဟုတ်ဘူး။ ဂိမ်းကောင်းတွေဖြစ် တဲ့ Mummy / Mission Inpossible/Medal of Honnor/Smiper Elite/Call of Duty/Star War အစရှိတဲ့ဂိမ်းတွေကိုထုတ်ခဲ့တာပါ။ တိုက်ခိုက်ရေးအသားပေး ဂိမ်းတွေကို အမြဲမပြတ်ထုတ်ခဲ့ပြီးဂိမ်းလောကမှာနေရာရနေသူတွေဖြစ်လို့ ဒီဂိမ်းရဲ့ အပေါ်မှာလည်းမကောင်းနိုင် ဖူးလို့ဆိုတာတွေ ကို သံသယ၀င်နေစရာမလိုလောက်တော့ပါဘူး။ အကောင်းဆုံးတွေကြားထဲမှာ ရပ်တည်ဖို့ဆိုရင် … Read entire article »
Super Mario 3D Land Review
Nintendo ရဲ့ 8th generation console တစ်ခုဖြစ်တဲ့ Nintendo 3DS handheld console ဂိမ်းစက်ကို 2011 အစောပိုင်းမှာ စတင်ဖြန့်ချီကာစက ကစားလို့ကောင်းမွန်တဲ့ ဂိမ်းခွေအတော်နည်းပါးတာတွေ့ရှိရမှာပါ။ ဒါပေမဲ့လည်း 3D မျက်မှန်မလိုဘဲ ဂိမ်းတွေကို သုံးဘက်မြင် 3D graphics နှင့် ကစားနိုင်တဲ့ အချက်နဲ့တင် 3DS ကို ကစားကြည့်ဖူးသူ အတော်များများ သဘောကျခဲ့ပါတယ်။ 3DS ဂိမ်းစက်ကို စိတ်ဝင်စားပြီး ဆော့စရာဂိမ်းနည်းနေလို့ မဝယ်ဖြစ်သေးသူများ အတွက် 2011 နှစ်ကုန်ခါနီးမှာတော့ Harvest Moon 3D၊ Mario Kart 7 နှင့် Super Mario 3D Land တို့လို ကစားလို့ကောင်းမဲ့ ဂိမ်းတွေထွက်ရှိလာတာ တွေ့ရမှာပါ။ Mario ရဲ့ ဖန်တီးရှင် Shigeru Miyamoto က Super Mario 3D Land ကို 2D Mario ဂိမ်းကစားနေရသလို ခံစားရပြီး 3D gameplay နှင့် 3D ရုပ်လုံးကြွများမြင်တွေ့ရမဲ့ Mario ဂိမ်းဖြစ်ကြောင်း … Read entire article »
Filed under: DS
Resident Evil 6
Resident Evil 6 RP2 မျှော်တာကတစ်ခု ရောက်လာမှာက တစ်မျိုး ဆိုပေမယ့်လည်း ကျေနပ်စရာတွေကတော့ အားလုံးအတွက် ရင်နဲ့အပြည့်ပါလို့ဦးစွာပထမပြောချင်တယ်။ ဘာကြောင့်လည်းဆိုတော့ Capcom ဟာ လုပ်လိုက်ရင်အဆန်းတွေချည်းပဲဖြစ်နေလို့ပါပဲ။ အခုဆိုရင် RE:RC (Resident Evil Raccon City) ကိုထုတ်မယ်လို့ဆိုပြီးကာမှ ထွက်လာလိုက်ကြတဲ့ Capcom ဂိမ်းတွေက နည်းတာမှမဟုတ်တာဗျာ။ ကြားထဲမှာ Nintendo DS3 အတွက်တောင်မှ Resident Evil ဂိမ်းတစ်ခုထွက်သွားသေးတယ်မဟုတ်လား။ 2012ထဲရောက်လာတော့ RE:RC (Resident Evil Raccon City) ကိုကစားရဖို့နီးနေပြီလို့တွေးနေတဲ့သူတွေပျော်နေကာမှ ထပ်ပျော် အောင်လို့လုပ်တာလား၊ဒါမှမဟုတ်ပဲ အချိုချကျွေးလိုက် တာလားဆိုတာမသိပေမယ့် RE ပရိသတ်တွေကတော့ အတော်လေးကို စိတ်ချမ်းသာရတာအမှန်ပါပဲ။ ဘယ်တော့မှကိုရိုးမသွားတဲ့ Raccon City ကနေပဲ RE:6 ကိုပြန်စပါလိမ့်မယ်လို့ Capcom ကတာဝန် ရှိသူတွေကဆိုထားတယ်။ ဇာတ်အိမ်မတူတော့ပေ မယ့်လည်း ဇာတ်ဆောင်တွေနေနဲ့ကတော့ အရင်လူ တွေပါပဲတဲ့။ လီယွန်ပါလာမယ်၊ Bioterrorism Security Assessment Alliance member ဖြစ်တဲ့ Chris Redfield ပြန်လည်ပါလာပါလိမ့်မယ်။ နောက်ပြီးတော့ အတိတ်ကိုပြန်လည်သတိရစေမယ့် အရာ တွေ လည်းပြန်လည်ပါလာလိမ့်မယ်။ အချစ်ဦး … Read entire article »
Amy
Amy PR2 အေမီ… နာမည်လေးတော့လှပါရဲ့..ဒါပေမယ့်ဘ၀ကကြမ်းတယ်။ ကလေးမလေးက ငယ်ငယ်ရယ်ပါ။ဒါပေမယ့် သူ့မှာက စိုးရွန့်စိတ်တွေပြည့်နှက်နေတဲ့ အထီးကျန်မှုတွေ၊ ရှေ့ဖြစ်မှာကို ကြိုမြင်ပြီးတော့ အားငယ်စိတ်တွေရှိနေတာတွေ က အေမီဆိုတဲ့ အသက် ၈ နှစ်အရွယ် ကလေးမလေးတစ်ယောက်ကို ပတ်ဝန်းကျင်နဲ့ သဟဇာတ မဖြစ်စေ သလို မျိုးရှိနေစေတယ်။ ဖြစ်ချင်တော့ တစ်နေ့မှာ အမေဖြစ်သူနဲ့ ဆေးရုံသွားပြီးတော့ ဆရာဝန်နဲ့ပြသဖို့ ရထားစီးအသွားမှာ လမ်းမှာ အေမီတစ်ယောက် ကယောင်ခြောက်ခြားဖြစ်ပြီးတော့ မြင်ချင်ရာမြင်၊တွေးချင်ရာ တွေးနေရင်း သူ့စိတ်ထဲမှာ ပေါ်လာတာက အသွင်ပြောင်းအကောင်တွေ၊ဇွန်ဘီတွေအများကြီး သူ့နောက်လိုက် တာတွေမြင်နေရလို့ အကြောက်လွန်ပြီးတော့ အမေဖြစ်သူကို လှမ်းဖက်လိုက်တယ်။ အမေဖြစ်သူ ကလည်း သမီး ကိုပြန်ဖက်လိုက်တယ်။ သဘောကတော့ ဘာမှမကြောက်နဲ့သမီးလေး အမေရှိတယ်ပေါ့။ ဒါပေမယ့် အေ မီ အမေကလည်း ဇွန်ဘီတစ်ပိုင်းလူတစ်ပိုင်းလိုဖြစ်နေခဲ့ပြီဆိုတာ အေမီလေး တစ်ယောက်သိမှမသိခဲ့တာ…. တစ်ကယ်တော့ သားအမိ နှစ်ယောက်အခုလိုခရီးသွားတယ်ဆိုတာကလည်း လွတ်မြောက်ခွင့်ရအောင်လို့ ထွက်ပြေးလာတာပါ။ ကလေးကမသိပေမယ့် အမေကတော့သိနေတယ်… ဇာတ်လမ်းကတော့….စပြီ…. ဇာတ်လမ်းကတော့ အဲ့ဒီကနေစလိုက်ပါပြီ။ ဇတ်လမ်းနာမည်က Amy ပါ။ ကြောက်စရာကောင်းတဲ့ ဂိမ်းတွေကိုမှ ကစားချင်ရင် အခုကျွန်တော်ပြောချင်တဲ့ ဂိမ်းအသစ်လေးကိုရှာကစားလိုက်ပါနော်။ မကြာခင်မှာထွက်တော့ မှာ လည်းဖြစ်ပါတယ်။ (ဒီမှာကစားနိုင်ဖို့ကိုဆိုလိုတာပါ) … Read entire article »
Plants and Zombies 2
Plants and Zombies 2 RP2 လွန်ခဲ့တဲ့ 2 နှစ်နှစ်ကျော်လောက်က နေပြီးတော့ ပရိသတ်တွေနဲ့ ရင်းနှီးမှုရယူခဲ့တဲ့ ဂိမ်းလေးကိုတော့ မှတ်မိနေ ကြဦးမှာပါ။ ဘာကြောင့်လည်းဆိုတော့ ကစားရတာကောင်းပြီးတော့ လက်ခံမှုအပြည့်ရခဲ့တဲ့ ဒီဂိမ်းလေးဟာမရိုး နိုင်အောင်လို့ရှိနေခဲ့ပြီးတော့ အခုအထိလည်း ဆက်လက်ကစားနေကြ ဆဲပါပဲ။ နောက်ထပ်အသစ်မထွက်တော့ ဖူးလားလို့မေးနေတဲ့ လူတွေလည်းများလာတာကြောင့် POPCON ကနေပြီးမကြာခင်မှာပဲ သူတို့တွေရဲ့ Plants and Zombies 2 ကို ထုတ်တော့မယ်လို့ပြောထားလိုက်ပါတယ်။ အတိအကျပြောတာမျိုးမဟုတ်ပေမယ့်လည်း ဂိမ်းအသစ်တွေထဲမှာပါလာနိုင်ဖွယ်ရှိတဲ့ ဇာတ်ကောင် အသစ်တွေကိုပါထည့်ပြီးကစားနိုင်အောင်လုပ်ပေးမယ်ဆို တာဟာ အင်တာနက်စာမျက်နှာတွေမှာ လည်းတွေ့နေရတာကို PopCap မငြင်းတာတွေကြောင့်လည်း အသေချာကြီးကို ဒီဂိမ်း ကထွက်လာမှာဖြစ်တယ်ဆိုတာပြောနိုင်နေပါပြီ။ Charater အသစ်တွေအနေနဲ့ကတော့ 5 မျိုးလောက်ကို ပုံစံအသစ်တွေရေးဆွဲထားပြီးပြီလို့လည်းသိရပါတယ်။ ကစားရမယ့်ပုံစံကိုတော့ ပြုပြင်ပေးထား တာမျိုးမရှိပေမယ့် နောက်ခံရှုခင်းတွေနဲ့ ဇွန်ဘီတွေကိုတော့ အနည်း ငယ် အဆင့်မြှင့်မယ်လို့လည်းသိရပါသေးတယ်။ အိမ်ကိုစောင့်လျှောက်မယ့် ပန်းပင်တွေ၊ အသစ်ပင်တွေအပြင် သစ်သီးတွေလည်း ပုံစံပြောင်းဖို့နည်းနည်းလေးရှိသလိုအသစ်တွေအနေနဲ့ပါလာမှာတွေလည်း ရှိကြပါတယ်။ အဲ့ဒါတွေကတော့ Long Tribulus လို့ခေါ်တဲ့ အသားစားအပင်ရိုင်း ကို ပုံစံအသစ်ပြောင်းထားလိုက်တယ်။ ပြီးတော့လည်း Garlic လို့ခေါ်တဲ့ ကြက်သွန်ဖြူ နေရာမှာ နောက်ထပ်တစ်မျိုးဖြစ်တဲ့ Garlic … Read entire article »
Filed under: DS, Features, Mobile, News, PC, Preview, PS 3, Wii, Xbox 360
Tomb Raider: A Survivor is Born
Tomb Raider: A Survivor is Born RP2 နောက်ဆုံးထွက်မယ့် Tom Raider ဂိမ်းလေးပါ။ Lara Croft and the guardian of the Light လို တော့ Genre ကတော့ Fixed-camrea 3D Plaform မဟုတ်တော့ဘူး။ Action – Adventure Game ဖြစ်သွားပါတယ်။ Crystal Dynamics နဲ့ Square Enix တို့ကပဲပေါင်းပြီးတော့ ထုတ်ဦးမှာပါ။ 2012 အတွင်းမှာပဲထုတ်ဖြစ်ပါလိမ့်မယ်။ အရင်ဂိမ်းတွေလိုမဟုတ်တော့ပဲနဲ့ထွက်လာမှာဖြစ်လို့လည်းအားလုံး ကစောင့်မျှော်နေကြတယ်။ ဘာကြောင့်လည်းဆိုတော့ ဒီဂိမ်းဟာ Lara Croft ဂိမ်းတွေထဲမှာ အကောင်းဆုံးဖြစ်အောင်လို့လုပ်ထား တာကြောင့်ပါပဲ။ Lara Croft ဂိမ်းတွေလို ကစားရတာကောင်းပြီးတော့ Puzzle တွေကို အက်ရှင်တွေနဲ့ ရှင်းရမှာဖြစ်နေပြီးတော့ ဖိုက်တင်ခန်းတွေကိုလည်းပိုပြီးတော့ကောင်းအောင်လို့ မွမ်းမံထား လို့ပါပဲ။ နောက်ပြီးတော့ပြောင်းလဲလာတဲ့ ဂရပ်ဖစ်ရုပ်ထွက်တွေနောက်ကိုလည်းအပီလိုက်ထားတယ်။ Square Enix ဟာဆိုရင်ဂိမ်းလောကမှာ နာမည်ရနေ တဲ့ ဂိမ်းထုတ်လုပ်သူတွေပါ။ မကောင်းတဲ့ဂိမ်းတွေတစ်ခုမှမရှိ သလောက်ပါပဲ။ ဒါတွေကြောင့်လည်းသူတို့တွေအနေနဲ့နောက်ဆုံးထွက်မယ့် Lara Croft ဂိမ်းလေးကို အခြားဂိမ်းတွေထက်သာအောင်လို့လုပ်လိုက်တာပါပဲ။ Lara … Read entire article »
Jetpack Joyride Review
ဒီတခေါက်တော့ ထူးထူးဆန်းဆန်း iPhone game လေးတခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ တကယ်လို့ သင်ဟာ Skyrim ဆော့နေရင်း ကံမကောင်း အကြောင်းမလှလို့၊ စိတ်မကောင်းစွာဘဲ တခုခုလုပ်ဖို့ အပြင်ကိုထွက်ရမယ်ဆိုရင်၊ သင့်ရဲ့ကံမကောင်းခြင်းတွေ ခံသာအောင်၊ ဒါမှမဟုတ် အပြင်က အချိန်တွေ မြန်မြန် ကုန်လွင်သွားအောင် Jetpack Joyride ဆိုတဲ့ iPhone ဂိမ်းလေးကို ညွန်းချင်ပါတယ်။ ဒီဂိမ်းက အခုဆိုရင် iTune မှာ free ပေမဲ့၊ ဂရပ်ဖစ်ကော၊ ဂိမ်းပလေးပါ တကယ့်ကို အရည်အသွေးပြည့်မီတဲ့ ဂိမ်းတခုဖြစ်ပါတယ်။ ဂိမ်းပလေးကတော့ တကယ့်ကို ရိုးရိုးရှင်းရှင်းလေးပါ။ အရင် cave ပုံစံဂိမ်းမျိုးလေးပါ။ ကိုယ့်ရဲ့ဇာတ်ကောင် Barry ကို jetpack သုံးပြီး ပျံစေချင်ရင် touch screen ကိုဖိထားရပြီး၊ အောက်ပြန်ကျစေချင်ရင်တော့ ဖိထားတာ လွတ်လိုက်ရုံပါဘဲ။ Level တခုထဲဘဲပါဝင်ပြီး၊ Level တလျှောက် သိပ္ပံစမ်းသပ်ခန်းထဲက လေဆာ ဘားတန်းတွေ၊ ဒုံးပျံတွေကို ရှောင်တိမ်းရင်း၊ coins တွေကို လိုက်စားရပါတယ်။ Barry တစ်ယောက် ဘာလို့ လို့ဝှက် သိပ္ပံစမ်းသပ်ခန်းထဲ jetpack တခုနဲ့ ဝင်ကြမ်းတဲ့ … Read entire article »
All Zombies Must Die
All Zombies Must Die RP2 ဇွန်ဘီဇာတ်လမ်းတွေအများစုဟာ တော်တော်လေးစိတ်ဝင်စားဖို့ကောင်းကြတယ်။ နောက်ပြီးတော့ လူကြိုက် လည်းများတယ်လေ။ ဘယ်လိုဇာတ်လမ်းမျိုးပဲ လာလာ ဂိမ်းတွေပဲဖြစ်ဖြစ်၊ရုပ်ရှင်ပဲဖြစ်ဖြစ်အောင်မြင်ကျော်ကြား ကကြတာချည်းပါပဲ။ အခုလည်းလာပြန်ပါပြီ။ All Zombies Must Die တဲ့လေ။ ကလေးတွေအတွက်သာမက လူ ကြီးတွေအတွက်ပါရည်းရွယ်ပြီးတော့ ဒီဂိမ်းလေးကိုထုတ်လိုက်ပါတယ်။ 2012 မှာထွက်မယ်။ Doublesix က နေ ပြီးတော့တင်ဆက်လိုက်တာပါ။ ဇွန်ဘီဂိမ်းတွေကိုသီးသန့်တွေကိုထုတ်တဲ့ ဂိမ်းထုတ်လုပ်သူတွေပါ။ အက်ရှင် အသားပေးဂိမ်းတွေကိုဦးစားပေးဖြန့် တာဖြစ် လို့သူတို့တွေအတွက်ဇွန်ဘီဂိမ်းတွေ ဟာအသစ်အဆန်း မဟုတ် တော့ပါဘူး။ ဒီဂိမ်းလေးဟာမြို့ကြီးတစ်မြို့ပေါ်မှာရှိတဲ့လူတွေ ဇွန်ဘီတွေဖြစ်သွားပြီးတော့ လက်ကျန်လူတစ်ချို့နဲ့ဂြိုလ်သား တစ်ကောင်ပေါင်းပြီးတော့ မကောင်း ဆိုး ၀ါးတွေ ကိုလိုက်သတ်ရတဲ့ဂိမ်းလေးပါ။ ကြိုက်တဲ့ဇာတ်ကောင် တစ် ကောင်ရွေးချယ်ပြီးတော့ကစားရမှာပါ။ ကိုယ်နဲ့အတူလိုက်ပြီးတော့ ကူညီပေး မှာက ကျန်တဲ့ ၃ ယောက်ပါ။ ဇာတ် ကောင်တွေကတော့ Jack, Rachel, Brian, Luxo တို့ပါပဲ။ Luxo ကတော့ဂြိုလ်သားလေးတစ်ကောင်ပါ။ သူတို့ တွေ အသီးသီးမှာကိုယ်ပိုင်ဇာတ်လမ်းတွေရှိတယ်။ ကိုယ်ပိုင်လက်နက်တွေရှိတယ်။ ကစားပုံကတော့ ရှင်းပါ တယ်။ တွေ့တဲ့ဇွန်ဘီတွေကိုသတ်မယ်။ ရတဲ့ အမှတ်တွေ၊ လက်နက်တွေကိုယူမယ်။ အသုံးတည့်သလိုသုံးမယ်။ ပြီးတော့ Levelတတ်အောင်လို့လုပ်ရမယ်။ … Read entire article »
Trine 2
Trine 2 RP2 ဖင်လန် အခြေစိုက် Frozenbyte နဲ့ ဂျပန်ဗီဒီယိုဂိမ်း ထုတ်တဲ့ Atlus ပေါင်းပြီးတော့ Trine 2 ကိုထုတ်လိုက်ပါပြီ။ PC/Mac Os X,Linux အတွက် သာမက PlayStation 3 Network နဲ့ Xbox Live Arcade ပါထုတ်တာဆိုတော့ ဘယ်လိုပဲဖြစ် ဖြစ် PC သမားတွေအတွက်တော့ဝမ်းသာစရာပါပဲ။ ဒီဇင်ဘာလထဲမှာထွက်လာတာ ဆိုပေမယ့် Platform အစုံ အတွက် ရက်တွေအသီးသီးခွဲပြီးတော့မှထုတ်တာဖြစ်တာကြောင့်လည်း အခုမှသာ အပြီးသတ်အနေနဲ့ထွက် တယ် လို့တောင်ပြောနိုင်ပါတယ်။ Frozenbyte နဲ့ Atlus တို့ဟာ လွန်ခဲ့တဲ့ 2009 မှာ ဒီဂိမ်းကိုစပြီးတော့ ထုတ်ခဲ့ ရာမှာ ထိုက်သင့်တဲ့အောင်မြင်မှုတွေရခဲ့ပြီး ကစားသူတွေလည်းများခဲ့တာကြောင့် အခုလိုနောက်ဆက်တွဲ ကို ထပ်ပြီးတော့ထုတ်လိုက်တာပါပဲ။ ပထမအခွေထဲကဇာတ်ကောင်တွေကိုပဲ ဒီဂိမ်းထဲမှာပြန်ထည့်ပေးထားပြီးတော့နောက်ထပ်ဇာတ်လမ်းအသစ်နဲ့ ကစားစေမှာပါ။ Character တွေအနေနဲ့ က တော့ သူခိုးရယ် သူရဲကောင်းရယ် မှော်ဆရာရယ်ဆိုပြီးတော့ ထုံစံအတိုင်း ၃ ယောက်ပါမယ်။ ဇာတ်ရုပ်ရွေးပြီးတော့ အတူတူသွားရမယ်။ Zoya ကောင်မလေး သူ့မှာ လေးနဲ့ မျှားပါတယ်။ ဒါက … Read entire article »
FIFA Street 4
FIFA Street 4 RP2 ဒီဂိမ်းလေးကိုတော့ လာမယ့် 2012 ရဲ့မတ်လ အတွင်းမှာ ထုတ်လွှတ်ပေးဖို့ကို EA Sports Canada ကနေပြီးတော့စီစဉ်ထားပါတယ်။ အရင်တုန်းကတော့ FIFA 2012 ဆိုပြီးတော့အမည်ပေး ထုတ်ဖို့လုပ်ထားပေးမယ့်လည်း နာမည်တူပေးပြီးသားကရှိနေတာကြောင့်နောက် ဆုံးမှာ အရင်နာမည် ဖြစ်တဲ့ FIFA Street ရယ်လို့ပဲပြန်ပေးဖြစ်တယ်လို့သိရပါတယ်။ အားလုံးကတော့ဒီဂိမ်းလေးကိုသိထားတာက FIFA Street4ရယ်ပါ။ အရင်တုန်းကလည်း ဒီနာမည်လေး နဲ့ပဲ အခွေတွေကထွက်ခဲ့ပြီးပြီ။ လူကြိုက်လည်းများတယ်။ နောက်ပြီးတော့ အပြင်မှာကစားနေရသလိုမျိုး ကိုခံစားရတာကြောင့်လည်းပါတယ်။ အရင်ထွက်ခဲ့ပြီးသမျှအခွေတွေထဲမှာပါလာခဲ့တဲ့ Error လေးတွေကို လည်းဒီအခွေအသစ်ထဲမှာ ပြန်လည်ပြင်ဆင်ပေးထားပါတယ်။ အဲ့ဒါတွေအပြင် သီချင်းအသစ်တွေကို လည်းထည့်ပေးထားတာကြောင့် ကစားသူတွေအနေနဲ့နှစ်ခြိုလိမ့်မယ်ဆိုတာ EA ကတာဝန်ရှိသူတွေက နေပြီးတော့ထင်ကြေးပေးနေတယ်။ ဒီဂိမ်းအသစ်လေးကထွက်လာဖို့လပိုင်းလောက်သာလိုတော့ပေမယ့် အခုအချိန်မှာတော့ DEMO တွေကို ထုတ်ပေးပြီးတော့ Online ကနေတစ်ဆင့် ကစားစေဖို့လည်းလုပ်နေတယ်။ လိုအပ်တာတွေကို အပြောင်အလဲလုပ်နိုင်သလောက်လုပ်ဖို့ပါပဲ။ နောက်ပြီးတော့ဒီ အခွေအတွက် ကို creative director Gary Paterson ကနေပြီးတော့သီးသန့်တာဝန်ယူပြီး လုပ်ထားတာပါ။ ဒါတွေကြောင့်လည်း ရုပ်ထွက် နဲ့ နောက်ခံအပြင်အဆင်တွေကတော်တော်လေး ကိုလန်းလာတာလည်းတွေ့ရပါလိမ့်မယ်။ FIFA 2012 Engine ကို … Read entire article »